Celebrities

သစ်တံခါးဆရာတော်ကြီးရဲ့ (၁၀၈) ရက် အဓိဌာန်အောင်ပွဲအတွက် ကုသိုလ်ပြုဆုတောင်းပွဲ လုပ်နေတဲ့ စမိုင်းလ်တို့မိသားစု

အားလုံးဘုရားတရားကိုင်းရှိုင်းပြီးအေးချမ်းလွန်းတဲ့ စမိုင်းတို့မိသားစုဟာ ဒီနေ့မှာလည်း သစ်တံခါးဆရာတော်ကြီးရဲ့ (၁၀၈) ရက် အဓိဌာန်အောင်ပွဲအတွက် ကုသိုလ်ပြုဆုတောင်းပွဲ လုပ်နေခဲ့ကြပါတယ်။ အလှူအတန်းလည်းရက်ရောသလို ဘုရားတရားလည်း လုပ်တဲ့အပြင် အများကိုလည်း ကုသိုလ်အကျိုးဖြစ်ထွန်းအောင်တိုက်တွန်းတတ်တဲ့ စိတ်စေတနာလေးဟာ တကယ်ကို လေးစားစရာပါ။

သိပ်ချစ်တတ်တဲ့ခင်ပွန်းကိုလည်းပိုင်ဆိုင်ထားသလို ချစ်စရာသမီးလေးနှစ်ယောက်ဟာလည်း မေမေ့စကားကိုနားထောင်ပြီး အရမ်းကိုလိမ္မာလွန်းပါတယ်။ ကိုယ်ပိုင်စီးပွားရေးမှာလည်း အောင်မြင်သလို သူမရဲ့အနုပညာအလုပ်တွေကိုလည်း မစွန့်လွှတ်သေးဘဲ ရုပ်ရှင်ဇာတ်ကား တစ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ လက်ခံခဲ့ပါသေးတယ်။

မိသားစုတွေရဲ့ကုသိုလ်ပြုဆုတောင်းပွဲပုံရိပ်တွေကို ” သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ (၁၀၈) ရက်အဓိဌာန်အောင်ပွဲအတွက် ကုသိုလ်ပြုဆုတောင်းအမျှဝေ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါ တယ်။ သာဓုပါစမိုင်းလ်ရေ ဒီထက်မကသောကောင်းမှုတွေကို အချိန်တွေအကြာကြီး ပြုလုပ်နိုင် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

#credit