Celebrities

မြန်မာဝတ်စုံလေးကို အမြတ်တနိုးဆင်မြန်းပြီး တစ်သားမွေးတစ်သွေးလှလွန်းနေတဲ့ အာဘွိုင်းရဲ့ချစ်ဇနီးလေး မြတ်ရတနာကျော်

သာယာတဲ့အိမ်ထောင်တစ်ခုကိုထူထောင်နိုင်ခဲ့ပြီး ချစ်စရာသမီးလေးကိုလည်း ပိုင်ဆိုင်နိုင်ခဲ့တဲ့ မြတ်ရတနာကျော်တစ်ယောက် သူမရဲ့အိမ်ထောင်ရှင်ဘဝမှာ စိတ်ချမ်းသာမှုတွေနဲ့ပဲ ကြုံတွေ့နေရတာမို့ အပျော်တွေဆက်ပြီး အလှတွေဟာပိုပြီးပေါ်လွင်လာခဲ့ပါ တယ်။ ခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက်မှုတွေနဲ့ ချစ်ခြင်းတရားတွေကို အပြည့်အဝပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ အပျော်ရွှင်ရ ဆုံးပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း မန္တလေးမှာဆောက်လုပ်ပြီးစီးသွားခဲ့တဲ့ ဧရာဝတီစင်တာ အတွက် ငွေကျပ် သိန်း (၁၀၀) လှူဒါန်း ပေးခဲ့ပါသေးတယ်။ သမီးလေးကိုလည်း အကောင်းဆုံး ပျိုးထောင်နေပြီး ချစ်စရာသမီးလေးဟာ ဖေဖေ မေမေတို့ရဲ့အသည်းတင်မက တစ်နိုင်ငံလုံးရဲ့ အချစ်တွေကိုပါ ခြွေယူနိုင်ခဲ့ပါတယ်။

ဒီနေ့မှာလည်း သူမရဲ့မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို ” မြန်မာ ဆန်ဆန် ဝတ်စားဆင်ယင်သည် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ဘယ်အချိန် ကြည့်ကြည့် လှလွန်းနေတဲ့မြတ်ဟာ စိတ်ချမ်းသာစရာကောင်းတဲ့ မိသားစုဘဝလေးမှာ အေးချမ်းနေတယ်ဆိုတာ ပေါ်လွင်နေပါ တယ်။

#credit