Celebrities

ဆေးရုံတက်နေရတဲ့ သမီးလေးရဲ့ Covid 19 ဆေးစစ်ချက်နဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ မေမေခိုင်နှင်းဝေ

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ ခိုင်နှင်းဝေရဲ့ သမီးလေးဟာ လတ်တလောမှာတော့ အရှင်းကြီးမသက်သာသေးပေမယ့် အနည်းငယ်တော့သက်သောနေပါပြီ။ သမီးလေးအတွက်လည်း မေမေခိုင်နှင်းဝေက အရမ်းစိတ်ပူပြီး တတ်နိုင်သမျှအကုန်လုံး ပံ့ပိုးပေးနေခဲ့ပါတယ်။

သမီးလေးရဲ့ Covid 19 ဆေးစစ်ချက်ဟာ Negative ဖြစ်ပြီး လက်ရှိမှာတော့ အပြင်အဆောင်ကို ပြောင်းရွှေ့ကာ အောက်စီဂျင် ဆက်ပေးထားရကြောင်နဲ့ အစာကိုနှာခေါင်းပိုက်ကတဆင့် ထည့်ကျွေးပြီး လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေ်ရတယ်လို့ဆိုပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သမီးလေးအတွက် တော်တော်လေးကိုစိုးရိမ်နေတဲ့ မေမေခိုင်နှင်းဝေရဲ့ မေတ္တာကတော့ ထုထည်ကြီးမား လွန်းပါတယ်။

သမီးလေးရဲ့အခြေအနေကို ” သမီးလေး Covid-19 အဖြေ Negative ပါရှင် အပြင်အဆောင်သို့ ပြောင်းရွေ့ရပြီး အောက်ဆီဂျင် ဆက်ပေးထားပါတယ်.နှလုံးခုန်သံ ပုံမှန်မဟုတ်သေးဘဲ အစာကို နှာခေါင်းပိုက်ကထည့်နေရပြီး လိုအပ်သောစစ်ဆေးမှုများ ပြုလုပ် နေပါတယ် ကလေးတွေ အားလုံးကို ယခုလို စောင့်ရှောက်ပေးနိုင်တာ ခုနှစ်ရက်သားသမီးအလှူရှင်များ အားလုံးကြောင့် ပါရှင် ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။ အမြန်ဆုံးသက်သာပါစေ ကလေးရေ။

#credit