Celebrities

တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်အထုတ်ကိုယ်ဆွဲ မျက်ရည်တစက်မကျတဲ့ (၃) နှစ်သမီး ကိုဗစ်လူနာ

မန္တလေးမှာ ဒီနေ့ ပိုးတွေ့လူနာတွေပို့ရတဲ့အထဲ ရင်ထဲအထိဆုံး မြင်ကွင်းလေးပါဘဲ..

၃ နှစ်သမီးလေး ပိုးတွေ့လို့ လွှဲပြောင်းဆေးရုံကိုပို့တော့.. တည်တည်ငြိမ်ငြိမ်လေး ကားပေါ်တက်လိုက်လာတာလေး မြင်ရတော့.. ကိုယ်တွေရင်ထဲမကောင်းချက်.. မိဘတွေနဲ့ တကွဲစီသွားနေရမယ်ဆိုတော့ နောက်ကနေလိုက်ပို့ပေးတဲ့ အမေရဲ့အားပေးသံ.. ဆေးရုံရောက်ရင်မေမေ့ကို Video Call ခေါ်နော်သမီးလေးတဲ့..

တည်ငြိမ်တဲ့သမီးငယ်လေး ကိုယ့်အထုတ်လေးကိုယ်ဆွဲပြီး ခေါင်းလေးငြိမ့်ပြပြီး ကားပေါ်တက်လိုက်ခဲ့ရှာတယ်..

Fighting သမီးလေးရေ ဦးတို့အားပေးနေတယ်.. အမြန်ဆုံးပျောက်ကင်းပါစေကွယ်..

#credit