Celebrities

မွေးနေ့မှာအမှတ်တရဖြစ်စေခဲ့သူတွေကြောင့် ကြည်နူးပီတိဖြစ်ခဲ့တဲ့ ဟန်နာယူရီ

ကိုရီးယားမလေးလို အသားဖြူဖြူပိန်ပိန်ပါးပါးနဲ့ချစ်စရာကောင်းတဲ့ ဟန်နာယူရီကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ နာမည်ကြီးတဲ့မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်သလို မော်ဒယ်လ်အနေနဲ့လည်း အနုပညာလှုပ်ရှားမှုတွေရှိတာကြောင့် ပရိသတ်အခိုင်အမာပိုင်ဆိုင်ထားသူပါ။

နိုဝင်ဘာလ(၁၇)ရက်နေ့ကတော့ ဟန်နာယူရီရဲ့မွေးနေ့ဖြစ်ပြီး ပရိသတ်တွေကို live လွှင့်ကာစကားတွေပြောပြီးတော့ မွေးနေ့အမှတ်တရဖြစ်ခဲ့တာပါ။ မွေးနေ့ဆုတောင်းပေးတဲ့သူတွေကိုတော့ “Happy Birthday Girl RiRi မွေးနေ့ဆုတောင်းပေးပို့ပေးကြတဲ့ သူတွေ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်။ Riကို ပေးပို့တဲ့မွေးနေ့ဆုတောင်းတွေအတိုင်း ချစ်ပရိသတ်ကြီးကော သူငယ်ချင်း၊မိတ်ဆွေများလည်း Riနှင့်အတူ ကံကောင်းခြင်းတွေကို ဝေမျှ၊မေတ္တာပို့သလိုက်ပါတယ်ရှင်။ အားလုံးကို ချစ်ပါတယ်ရှင်” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။

ဟန်နာယူရီကတော့ ကိုယ်တိုင်ကလည်း နုပျိုလှပနေသလို အခြားသူတွေကိုလည်း အလှအပနဲ့ဆိုင်တဲ့အကြောင်းအရာတွေမျှဝေပေးသူပါ။ ဟန်နာယူရီတစ်ယောက်မွေးနေ့မှစပြီး ပရိသတ်တွေရဲ့အချစ်တွေနဲ့အတူ အောင်မြင်မှုများစွာရရှိစေဖို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Source : HannaYuri

#credit