Celebrities

ပရိသတ်နဲ့အပြန်အလှန်ကတိတွေတောင်းရင်း နေ့ရက်သစ်လေးကို အစပြုလိုက်တဲ့ အေးမြတ်သူ

မမြတ်လေးဆိုပြီး ပရိသတ်တွေအချစ်ပိုနေရတဲ့ အေးမြတ်သူကတော့ အနုပညာသက်ကြာလာတာနဲ့အမျှ ပရိသတ်ချစ်ခြင်းမေတ္တာကို ပိုမိုရရှိလာသူတစ်ယောက်ပါ။ မာန်မာနမရှိ ပရိသတ်အတွက် အမြဲတမ်းအပြုံးတွေ ပန်ဆင်ထားသူတစ်ယောက်ဖြစ်သလို လူမှုကွန်ရက်မှာလည်း နေ့စဉ်နီးပါး ပရိသတ်ကြီးအတွက် တနေ့တာအကြောင်းအရာနဲ့ အလှဓာတ်ပုံလေးတွေကို မျှဝေလေ့ရှိသူပါ။

ဒီနေ့မှာလည်း ချစ်စရာအပြုံးချိုချိုပုံရိပ်လေးတွေနဲ့အတူ ပရိသတ်ကြီးဆီက ကတိစကားတောင်းခံလာပါတယ်။ မင်္ဂလာရှိသော နေသစ်လေးပါရှင့် ချစ်ရသူတွေ က ဖြစ်နိုင်မယ်ဆို …အပြင်မထွက် ဖို့ .. အပြင်ထွက်မယ်ဆို ….Mask ကိုအမြဲတမ်း တပ်ထားဖို့ လက်ကို မကြာမကြာ စက္ကန့် (၂၀) ကြာအောင်ဆေးဖို့ ကတိပေးပါနော် ဆိုပြီး ပရိသတ်ကြီးဆီက ကတိတောင်းခံခဲ့သလို မမြတ်လေး က ကိုဗစ် မပြီးမချင်း ….လှနေဖို့ ကတိပေးပါတယ်ရှင့် နေကောင်းကျန်းမာစိတ်ချမ်းသာကြပါစေရှင် ဆိုပြီး အရွှန်းဖောက်မျှဝေခဲ့ပါတယ်။

စကားတတ်လွန်းတဲ့ မမြတ်လေးကိုတော့ ပရိသတ်တွေက သဘောကျခဲ့ရသလို မမြတ်လေးကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့ မှတ်ချက်ပေးရေးသားခဲ့ပါတယ်။ မမြတ်လေးကို ချစ်တဲ့ဆယ်လီကမ္ဘာပရိသတ်ကြီးရော ကိုဗစ်ရောဂါကပ်ဆိုးကြီးရန်က ကင်းဝေးအောင် မမြတ်လေးတောင်းတဲ့ကတိကို ပေးကြမှာလား ဖြေပေးခဲ့ပါဦးနော်။

#CREDIT