Celebrities

ကိုဗစ်ကာလအတွင်းမှာ အားလုံးရဲ့ခံစားချက်တွေနဲ့ထပ်တူကျမယ့် ဝိုင်းစုခိုင်သိန်းရဲ့ ” မျှော်လင့်ချက်”သီချင်း

သီချင်းအေးအေးလေးတွေနဲ့ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားသူကတော့ နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ဝိုင်းစုခိုင်သိန်းပါ။ ဝိုင်းစုကတော့ သီချင်းအယ်လ်ဘမ်အသစ်ထွက်တိုင်းမှာပရိသတ်တွေရဲ့အားပေးမှုကိုရယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဝိုင်းစုကတော့ အခုလိုကိုဗစ်ကာလကြီးမှာ သီချင်းကောင်းတစ်ပုဒ်ထွက်ရှိလာခဲ့တာဖြစ်ပြီး ပရိသတ်တွေကြိုက်နှစ်သက်နေကြတာလည်း ဖြစ်ပါတယ်။ သီချင်းနာမည်ကတော့ ” မျှော်လင့်ချက်” ဖြစ်ပြီး အားလုံးကို ပျော်ရွှင်ရမယ့်နေ့အထိ ခံနိုင်ရည်ရှိရှိရင်ဆိုင်သွားကြဖို့ သီဆိုထားတဲ့သီချင်းလေးတစ်ပုဒ်ပါ။ ဒီသီချင်းကိုတော့ အောင်လကရေးသားပေးထားတာဖြစ်ပြီး လက်ရှိအခြေအနေနဲ့ခံစားချက်ချင်းတိုက်ဆိုင်စေမှာလည်း ဖြစ်ပါတယ်။

ကိုဗစ်ကာလကြီးမှာတော့ လူတိုင်းဟာ ချစ်တဲ့သူတွေ မိသားစု၊သူငယ်ချင်းတွေနဲ့မတွေ့ဆုံရဘဲ စိုးရိမ်ပူပန်မှုတွေနဲ့ ဒီကာလကြီးအမြန်ဆုံးပြီးဆုံးသွားဖို့မျှော်လင့်နေကြတာပါ။ ဝိုင်းစုကတော့ အားလုံးရဲ့ မျှော်လင့်ချက်တွေ အမြန်ဆုံး ပြည့်စေဖို့ သီချင်းလေးနဲ့ပြောပြလိုက်ပါပြီ။ ဝိုင်းစုရဲ့သီချင်းကြောင့် ခံစားချက်နဲ့တိုက်ဆိုင်ခဲ့တဲ့သူတွေရှိကြလားနော်…

#credit