Celebrities

စပါးတွဲရောင်းတဲ့လူငယ်လေးတစ်ယောက်ရဲ့ ရိုးသားကြိုးစားတဲ့ လေးစားဖွယ်စိတ်ဓာတ်အကြောင်း ပြောပြလာတဲ့ ချမ်းမီမီကို

ဈေးရောင်းစားတာဟာရှက်စရာမဟုတ်ပါဘူး။ သူများပစ္စည်းအချောင်မလိုချင်ဘဲ ကိုယ်တတ်နိုင်သလောက်အားလေးနဲ့ ရိုးရိုးသားသားဈေးရောင်းစားတာဟာ ဂုဏ်ယူစရာတောင် ကောင်းနေပါသေးတယ်။ ချို့တဲ့တဲ့ ကလေးတွေမြင်ရင်အများစုက စာနာစိတ်နဲ့ငွေပေးပြီး ကူညီတတ်ကြပါတယ်။ တစ်ချို့ကလေးတွေကတော့ ငွေကိုအလကားမယူဘဲ သူတို့ရောင်းတဲ့ ပစ္စည်းလေးတွေကို တန်ရာတန်ကြေးအဖြစ်ပေးတတ်ကြပါသေးတယ်။ ဒီထဲမှာတော့ ချမ်းမီကြုံခဲ့ရတဲ့ စပါးတွဲရောင်းတဲ့ ကောင်လေးလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

ဒီအကြောင်းလေးကို ” ကောင်လေးရဲ့ကြိုးစားချင်စိတ် တစ်နေ့ ကျွန်မအိမ်ရှေ့သို့ နံနက်စောစော ငှက်စာလာလာလာရောင်းတတ်တဲ့ လူငယ်လေးတစ်ဦးရှိသည်။ ကျွန်မ နေ့စဉ် (၂၀၀၀) ဖိုး အမြဲဝယ်အားပေးလေ့ရှိတယ်။ တစ်ခါတစ်ခါ ကျွန်မလည်းအိမ်မှာအမြဲရှိမနေ တတ်ဘူး‌လေ။ ဒါပေမဲ့ သူပုံမှန်လာရောင်းရှာတယ် ။ကျွန်မလည်းတစ်နေ့ ငွေ (၃) သောင်းသူ့ကိုပေးလိုက်တယ်။ နေ့စဉ် ငှက်စာလာချိတ်ပေးပါလို့ ကျွန်မပြောခဲ့ပါသည်။ ဘာပဲပြောပြော ငွေ (၃) သောင်းဟာ သူအတွက် ပြောမပြတတ်အောင်ဝမ်းသာသွားခဲ့ တယ်။

” ကျွန်မလည်း လာချိတ်ချိတ် မချိတ်ချိတ် လှူတယ်လို့သဘောထားဖြစ်ခဲ့တယ်ရှင့်။ ထိုလူငယ် ပုံမှန်အိမ်‌ရှေ့အမြဲလာချိတ်ပေးခဲ့တယ် ကျွန်မ မရှိတဲ့အချိန်တွေရောပေါ့။ တစ်နေ့ ကျွန်မခရီးက ပြန်လာတော့ လာချိတ်လွန်းလို့လေ မြောင်းမှာ စပါးပင်လေးတွေတောင် ပေါက်နေတဲ့မြင်ကွင်း ကျွန်မမြင်ခဲ့ရတယ်။ ဘာပဲပြောပြောပျော်တယ် ချစ်စရာကလေးငယ်ငယ် မြန်မာလူငယ်လေး တွေရဲ့ ကြိုးစားတဲ့စိတ်ဓာတ် သစ္စာရှိမှုလေး လေးစားမိပါတယ်ရှင့်။ ” ဆိုပြီး သူမက ပြောပြလာခဲ့ပါတယ်။

#crd