Celebrities

အချိန်ပိုကြေးရတဲ့ ငွေ (၄၀၀၀) ထဲက ငွေ (၂၀၀၀) ဖဲ့လှူတဲ့အလှူရှင်ကြောင့် ဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရတဲ့ ဒိန်းဒေါင်

မရှိလို့မလှူ မလှူလို့မရှိဆိုတဲ့စကားကို ရဲရဲဝံ့ဝံ့ချိုးဖောက်လိုက်တဲ့ အမည်မသိအလှူရှင်ကြောင့် ကိုချွန်တွန်းကြီးတစ်ယောက် ဝမ်းသာ ဝမ်းနည်းဖြစ်ခဲ့ရပါတယ်။ လှူဒါန်းတဲ့ငွေကြေး ပမာဏထက် လှူချင်တဲ့စိတ်ကလေးကသာပိုပြီးအရေးကြီးတာမို့ ဘယ်လောက်ပဲလှူလှူ ဂုဏ်ပြုမှတ်တမ်းလေးတွေ တကူးတကပြန်လုပ်ပေးတတ်ပါသေးတယ်။

ဒီနေ့မှာလည်း အချိန်ပိုကြေး (၄၀၀၀) ရတဲ့အထဲကမှ ချွန်တွန်းပရဟိတအတွက် ငွေကျပ် (၂၀၀၀) လာရောက်လှူဒါန်းပေးခဲ့ပြီး နာမည်မေးတဲ့အချိန်မှာတော့ ” မပြောတော့ပါဘူးဗျာ ” ဆိုပြီး ပြောခဲ့ပါတယ်။ လှူချင်တဲ့စိတ်ကလေးကိုက လေးစားစရာ ကောင်းနေပြီမို့ ဒိန်းဒေါင်ကတော့ အလှူရှင်ကို သတိတရနဲ့ လူမှုကွန်ရက်မှာဖော်ပြပေးခဲ့ပါတယ်။

ဒီအကြောင်းလေးကို ” ခင်ဗျားကအမည်မဖော်ပေမဲ့ကျွန်တော့်နှလုံးသားမှာ အမြဲမှတ်တမ်းတင် ထားပါတယ်ဗျာ ” ဆိုပြီး ပြောပြလာ ခဲ့တာပါ။ စေတနာကောင်းတဲ့အခါမှာ ကောင်းတဲ့ကံတွေလည်း ကိုယ့်စီရောက်လာမှာပါ။ အလှူရှင်အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ Cele Zone Media က ဆုတောင်းပေးလိုက်ပါတယ်။

#credit