Local News

သန်လျင် သဘာဝတရားရိပ်သာတွင် ကိုဗစ်ပိုးတွေ့ရှိသူ လေးရာ့ခုနှစ်ဦး အထိရှိနေ

ရန်ကုန်၊ နိုဝင်ဘာ – ၁၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တီးရောဂါ ဖြစ်ပွားမှုကူးစပ်မှုများအနက် အသက်ကြီးရွယ်အိုများနှင့် စားဝတ်နေရေးအခက်အခဲဖြစ်နေသူများကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသည့် သန်လျင်မြို့နယ် သန်လျင်သဘာဝတရားရိပ်သာ၌ ကိုဗစ်ရောဂါ ပိုးတွေ့ရှိသူအရေအတွက် လေးရာ့ခုနှစ်ဦးအထိ ရှိလာ ကြောင်း သိရပါတယ်။
လက်ရှိတွင် သန်လျှင်မြို့ သဘာဝတရားရိပ်သာ၌ လူပုဂ္ဂိုလ်နှင့် သံဃာတော်၊ သီလရှင်ဦးရေ လေးထောင် ကျော်ရှိပြီး အထက်ပါအနက် နှစ်ထောင်ကျော်အား အောက်တိုဘာ ၂၈ ရက်ကနေစတင်ကာ စစ်ဆေးရာ၌ နိုဝင်ဘာ ၁၄ ၇က်နေ့ထိ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း လေးရာ့ခုနှစ်ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ပိုးတွေ့လူနာ စုစုပေါင်း ၄၀၇ ဦး၊ သံဃာ ၁၆ ပါး၊ သီလရှင် အပါး ၇၀၊ သီလရှင်တွေက သိပ်ပြီး အသက် ကြီးတဲ့သူတွေမပါဘူး၊ လူတွေက အသက်ကြီးတာတွေများတယ်၊ ဘိုးဘွားတွေကြတော့ ၁၄၅ ဦး၊ အမျိုးသမီးတွေက ၁၇၆ ဦး၊ အဲထဲမှာ ဘိုးဘွားတွေက များတယ်“ လို့ ဆရာတော်အရှင်ဥတ္တမသာရက မိန့်ကြားပါတယ်။

သန်လျင် သဘာဝတရားရိပ်သာတွင် လက်ရှိကူးစပ်မှုများအား နှစ်ပိုင်းခွဲကာ ထားရှိထားပြီး ကူးစပ်မှု ပျောက်ကင်းသူများကို အစိုးရကျောင်းများတွင် ထားရှိထားကာ အချို့သော လူနာများကို ကျောင်း အတွင်း၌ ထားရှိပြီး ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆရာတော်အရှင်ဥတ္တမသာရက မိန့်ကြားပါတယ်။
“ရောဂါပျောက်ကင်း၍ ပြန်လာတဲ့လူနာတွေကိုတော့ အစိုးရကျောင်းမှာ သက်သက်ထားကာ ပြုစုရ ခက်ခဲပြီး အိပ်ယာထဲလဲနေတဲ့ လူပေါင်း လေးငါးဆယ်ကို ရိပ်သာထဲမှာထားကာ ကူညီပေးချင်တဲ့ Volunteer တစ်ချို့က ကူညီ၍ အများစုကိုဗစ်ဆေးရုံတွေမှာကြတော့ အိပ်ယာထဲလဲနေတဲ့လူတွေကြတော့ ကုသပေးဖို့မလွယ်ဘူး” ဆရာတော်အရှင်ဥတ္တမသာရက မိန့်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၅ ရက် ညပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၈၉၉၄ ဦး ရှိနေပြီး သေဆုံးသူစုစုပေါင်း ၁၅၇၇ ဦးရှိကာ ရောဂါမှ ပြန်လည်သက်သာလာသူ ၅၂၃၅၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

#PeopleMedia

#credit