News

နိုင်ငံသားကောင်းတစ်ဦးချင်းစီ တာဝန်ကျေခဲ့ကြကြောင်း UEC ဥက္ကဋ္ဌပြော

အတွက် မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အပြီးသတ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးနှင့် ရွေးကောက်ပွဲရလဒ်များ မှန်မှန်ကန်ကန် စနစ်တကျထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့မှု၊ ဝင်ရောက်ယှဉ်ပြိုင်ကြသည့်ပါတီများ၊ လာရောက်ဆန္ဒမဲ ပေးသည့် မဲဆန္ဒရှင် အရေအတွက်နှင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု၊ တရားမဲ့ပြုကျင့်မှုများနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာ ဦးလှသိန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒနှင့် တစ်ထပ်တည်း ကျအောင် ကြိုးစားဆောင်ရွက်ခဲ့ပြီး ကော်မရှင်က ထုတ်ပြန်ပြီးစီးခဲ့ပြီဖြစ် သော မဲရလဒ်များအပေါ်တွင် တရားမျှတမှု ရှိမရှိကို ပြည်သူကသာ အဆုံး အဖြတ်ပေးရန် မေတ္တာရပ်ခံလိုကြောင်း ဦးလှသိန်းက ပြောကြားခဲ့သည်။

‘’အခုလို ရွေးကောက်ပွဲ အောင်မြင်တာဟာ မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်ကို ကျေပွန်စွာနဲ့ ဆန္ဒမဲပေးခဲ့ကြ လို့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ ပြည်သူတွေ ရဲ့အောင်ပွဲလို့ ကျွန်တော်ယူဆပါတယ်’’ ဟု ဦးလှသိန်းက ကြေးမုံသတင်း စာ၏ မေးမြန်းမှုကဏ္ဍတွင် ပြောကြားသွားခဲ့သည်။
ရွေးကောက်ပွဲတွင် အနိုင်ရသည့်ပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၃၉၆ နေရာ အနိုင်ရရှိခဲ့ ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

#credit