Celebrities

Live လွှင့်ပြီးဈေးရောင်းရတဲ့ စိတ်ဖိစီးမှုတွေ အကြောင်းကို ပြောပြလာတဲ့ ဆုမြတ်နိုးဦး

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ ကင်မရာရှေ့ လှလှလေးနေရတဲ့အလုပ်ဟာလွယ်ပါတယ်လို့ပဲအားလုံးကထင်ကြပေမယ့် တကယ်တမ်းတော့ ဇာတ်ကားရိုက်တာပဲဖြစ်ဖြစ် liveလွှင့်ဈေးရောင်းရတာပဲဖြစ်ဖြစ်အလုပ်တိုင်းမှာ စိတ်ဖ်စိးမှု စိတ်ရဲ့ပင်ပန်းမှု ဖိအားဆိုတာရှိတယ်ဆိုတဲ့အကြောင်းကို ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာခဲ့ပါတယ် ။ ဇာတ်ကားတွေရိုက်တဲ့အချိန်မှာ ငါသဘာဝကျပါ့မလား.. ဇာတ်ကောင်စရိုက်နဲ့ တထပ်ထဲကျ ပီပြင်ပါ့မလား ဆိုတဲ့ပူပန်မှုတွေအထူးရှိသလို မကျွမ်းကျင်တဲ့ Liveလွှင့်ဈေးရောင်းတဲ့အခါမှာတော့ စိတ်ပင်ပန်းရမှုကအဆများစွာပိုပါတယ်လို့ ဆိုပါတယ် ။

ကိုယ်ရောင်းပေးတဲ့ဆိုင်တွေရဲ့ဆိုင်ရှင်တွေကို ရောင်းရစေချင်တယ် .. ဝယ်ယူအားပေးတဲ့သူတွေကိုတကယ်တန်တဲ့မှန်ကန်တဲ့ဈေးနှုန်းလေးတွေနဲ့ပိုင်ဆိုင်ရစေချင်တယ်.. အဲ့ထဲမှာမှ ရှိလာတဲ့စုန်းပြူးတွေးရဲ့ရန်ကြောင့် ဆိုင်ရှင်တွေကိုအားနာရတယ် မျက်နှာပျက်ရတယ်.. ၃နာရီ ၄နာရီစာ ဝန်ထုတ်ဝန်ပိုးတွေရယ် .. တခါတလေတော့လဲလေ ဘာမှကိုမလုပ်ချင်တော့ဘူး ရပ်တန့်ထားလိုက်ချင်တဲ့စိတ်ရဲ့ဖိအားတွေ စိတ်ဓာတ်ကျတာတွေဖြစ်မိတယ် လို့ ပရိသတ်တွေကို ပြောပြခဲ့တာပါ ။ ဒါပေမယ့်လည်း ခက်ခဲတဲ့ကာလကြီးမှာစားဝတ်နေရေးရယ် .. ကျားကြီးရင် ခြေရာကြီးတဲ့စရိတ်စကတွေ.. ကိုယ့်ရဲ့အနားက ခက်ခဲပင်ပန်းနေသူတွေရဲ့မနိုင်ဝန်တွေကိုတထောင့်တနေရာက ထမ်းပေးချင်နေတဲ့စိတ်တွေနဲ့ အားတင်းရင်းရှေ့ဆက်နေပါတယ် လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

သူမ တတ်နိုင်သရွေ့အင်အားလေးနဲ့ ရှေ့ဆက်နေဖို့နဲ့ ချစ်ရတဲ့သူတွေ သူမ ရဲ့အနီးတဝိုက်က ခက်ခဲပီးလိုအပ်နေတဲ့သူတွေရဲ့လိုအပ်ချက်လေးတွေကိုတထောင့်တနေရာကနေဖြည့်စည်းပေးနေခွင့်လေးရရင်ပဲ ပင်ပန်းရသမျှတွေပြေပျောက်ပါပြီဆိုတဲ့ သူမရဲ့ လေးစားဖွယ်စိတ်ရင်းမှန်လေးကတော့ တကယ်ကိုလေးစားစရာပါပဲနော်.။ ဆုမြတ်နိုးဦးကတော့ ကိုယ့်ရဲ့စေတနာမှန်ခဲ့ရင် အမြဲတမ်းပေးကမ်းနိုင်တဲ့လက်တစုံသာဖြစ်ပါရစေလို့တောင်းဆုပြုပါတယ်တဲ့ ပရိသတ်ကြီးရေ ..။

#credit