Celebrities

ကန်တော်ကြီးကနေ လမ်းမတော်ထိ ငိုပြီးလမ်းလျှောက်ခဲ့ရတဲ့ အသည်းကွဲဇာတ်လမ်းလေးကို ပြောပြလာတဲ့ မေ

ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေကြောင့် ပရိသတ်တွေ ဝန်းရံအားပေးခြင်းခံရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ မေ ကတော့ ညို့အားပြင်းတဲ့အလှနဲ့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ပုရိသ ပရိသတ်တွေရဲ့အသည်းစွဲမင်းသမီးလေးတစ်ယောက်ပါ ။ လတ်တလောမှာတော့ မေက သူမရဲ့အသည်းကွဲဇာတ်လမ်းလေးတစ်ပုဒ်ကို ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။

သူမ မရင့်ကျက်ခင် တစ်ချိန်တုန်းက “ဒီတစ်ခါ တကယ်ကြီးဝေးရတော့မှာပေါ့နော်” ဆိုပြီး ကန်တော်ကြီးကနေ လမ်းမတော်(အိမ်)ကို အဝေးကြီး ငိုပြီးတော့ လမ်းလျှောက်ပြန်တာ လမ်းကလူတွေလည်း ဂရုမစိုက်နိုင် အသည်းတွေကွဲပြီး မျက်ရည်နဲ့ မျက်ခွက် လမ်းပေါ်မှာ ဂျစ်ပစီပါပေါ့.. အခုကြတော့လည်း ကိုယ်မဟုတ်သလိုပါပဲလေ.. ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့အတိတ်က အသည်းကွဲဇာတ်လမ်းလေးကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။

ဒါမျိုး ရူးခဲ့တဲ့ ဇာတ်လမ်းတွေရှိခဲ့ဖူးလားလို့လည်း ပရိသတ်တွေကို ပြန်မေးခွန်းထုတ်ထားပြီး ကိုယ့်ကိုကိုယ် ပြန်ရယ်ကြ ပြန်ငိုကြရအောင်လို့ အဖြစ်ပျက်လေးတွေကို မျှဝေပေးဖို့ ပရိသတ်တွေကိုတောင်းဆိုထားပါသေးတယ် ။ ပရိသတ်တွေကလည်း သူတို့ရဲ့တစ်ခါက အသည်းကွဲဇာတ်လမ်းလေးတွေကို မေ့ရဲ့ ပို့စ်အောက်မှာ ရေးသားမှတ်ချက်ပေးခဲ့ကြပါတယ် ။

#credit