Celebrities

ဇာတာက လူပျိုကြီးဖြစ်နိုင်ချေများနေပြီဆိုတဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ မိန်းကလေး ပရိသတ်တွေရဲ့ အသည်းကျော် မင်းသားချောလေး ဖြစ်တဲ့ ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံမှာသာမက ပြည်ပ နိုင်ငံက ပရိသတ်တွေကပါ ချစ်ခင်အားပေးခြင်းခံရတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ကိုရီးယားမင်းသားလေးလို ချောမောခန့်ညားတဲ့ ရုပ်ရည်ကြောင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသားလေးဖြစ်နေတာပါ ။

ပိုင်တံခွန်ကို ရည်းစားရမှာ စိုးရိမ်နေတဲ့ ဖန်တွေနဲ့ အချစ်ရေးကို အမြဲ စောင့်ကြည့်နေကြတဲ့ ပရိသတ်ကြီးအတွက် ပိုင်တံခွန်က သူ့ရဲ့ ဇာတာဟာ လူပျိုကြီးဖြစ်နိုင်ချေများနေတယ် လို့ပြောပြလာခဲ့ပါတယ် ။ ကတ် ထဲငွေထည့်လိုက် ခွေးလေးတွေ ကြောင်လေး တွေအတွက် အဝတ်အစားဝယ်လိုက်နဲ့ ရှာသမျှ ခွေးလေးကြောင်လေးတွေအတွက် ကုန်နေတဲ့ သူ့ကို ဘယ်မိန်းမက သည်းခံနိုင်မလဲလို့ ပိုင်တံခွန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။

ပိုင်တံခွန်ရဲ့ ဖန် မိန်းကလေး ပရိသတ်တွေကတော့ ချစ်တဲ့ စိတ်နဲ့သည်းခံပေးပါမယ်ဆိုတဲ့ မှတ်ချက်လေးတွေ နဲ့ စနောက်ထားကြပြီး ပိုင်တံခွန်ကတော့ သူ့ရဲ့ချစ်သူ ဖြစ်ဖို့ ဘာမှ မလိုပါဘူး တိရစ္ဆာန်လေးတွေ ချစ်တတ်ရင်ကို ရပြီ လို့ပြန်လည်မှတ်ချက်ပေးထားတာကိုလည်းတွေ့ရပါတယ် ။

#credit