Celebrities

သိန်း(၁၀၀၀) ကျော်အလှူလေးကို ဒီနေ့မှာစတင်လှူဒါန်းနေပြီဖြစ်တဲ့ နေခြည်ဦး

BeautybyNaychi ဆိုတဲ့ Page လေးကနေတဆင့် ပရိသတ်စတင်သတိထားမိလာခဲ့တဲ့ နေခြည်ဦးကတော့ အချိန်တိုအတွင်း သရုပ်ဆောင်အနုပညာရှင်တစ်ယောက်အနေနဲ့ပါ ပရိသတ်အားပေးမှုအခိုင်ရရှိလာသူတစ်ယောက်ပါ။ ပင်ကိုယ်အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် စိတ်ထဲမှာရှိတဲ့အရာတိုင်းကို အကောင်အထည်ဖော်နိုင်ခဲ့သလို လတ်တလောကိုဗစ်ကာလမှာ အလှူအတန်းတွေအများကြီးလုပ်ချင်တဲ့ ချီချီကတော့ ဒီရည်ရွယ်ချက်လေးကို ထပ်မံအကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း အလှူပြုလုပ်ဖို့ရည်ရွယ်ချက်နဲ့ She Shines Jewelry နဲ့အတူ Live sale သုံးရက် ရောင်းချခဲ့ပြီး ဒီနေ့မှာတော့ Live Sale ကြောင့် လှူဒါန်းဖို့ရရှိငွေသိန်းတစ်ထောင်ကို စတင်လှူဒါန်းတော့မှာ ဖြစ်ပါတယ်။ ချီချီကတော့ သိန်းတစ်ထောင်အလှူလေးကို နေရာတော်တော်များများကိုလှူဒါန်းပေးသွားမှာဖြစ်ပြီး ဦးစားပေးအနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးပြင်ပလူနာဌာနမှာလည်း လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ ဒီနေ့ နိုဝင်ဘာ(၁၇) ရက်နေ့လေးမှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ နံနက်ပိုင်းမှာ အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောအဖွဲ့ ၊ နေ့လည်ပိုင်းမှာ အဓိကသရုပ်ဆောင်အခြေခံအလွှာ၊ဇာတ်လမ်း ဇာတ်ညွှန်းအခြေခံအလွှာတို့ကို လှူဒါန်းပေးသွားမှာပါ။

ဒါ့အပြင် ပရဟိတနေရာတွေ၊ ကွာရန်တင်းစင်တာတွေ၊ စစ်ဘေးရှောင်အမျိုးသမီးစခန်း၊ သဘာဝတရားရိပ်သာ၊ မှော်ဘီရခိုင်စစ်ပြေးစင်တာ၊ အနာဂတ်ကြယ်ပွင့်လေးများ၊ မာမီကွတ် ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်ဂေဟာ၊ We Love Yangon စတဲ့ ပရဟိတနေရာတော်တော်များများကို လှူဒါန်းသွားမှာဖြစ်ပြီး ဒီနေ့မနက်မှာတော့ ဒီနေ့ သိန်း (၁၀၀၀) အလှူလေး စတင်လှူပါပြီ။ နောက်ရက်တွေလည်း ဆက်တိုက်လှူ သွားမှာ… အရမ်းပျော်တာပဲ ဆိုပြီး ပျော်ရွှင်ကြည်နူးစွာမျှဝေခဲ့ပါတယ်။ ပရိသတ်ကြီးရေ လှူချင်စိတ်ပေါ်လာတာနဲ့ မရ ရအောင် ကြိုးစားပြီး အလှူလေးကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ချီချီရဲ့အလှူလေးတွေအတွက် သာဓုခေါ်ပေးခဲ့ပါဦးနော်။

#credit