Celebrities

ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့လက်ရှိအချိန်မှာ ခံစားရတဲ့ရောဂါလက္ခဏာတွေကိုပြောပြလာတဲ့မေဘရဏီသော်

မေသော်လို့လည်း ပရိသတ်တွေသိကြတဲ့ မေဘရဏီသော်ကတော့ မြန်မာနိုင်ငံကိုယ်စားပြု Miss Universe Myanmar တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုအချိန်မှာတော့ မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာလျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

မေသော်ကတော့ သူကိုယ်တိုင်အပါအဝင် မိခင်နဲ့အဒေါ်ဖြစ်သူပါ ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့အကြောင်းကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။ မေသော်ကတော့ အနံ့ပျောက်ပြီး လည်ချောင်းနည်းနည်းနာနေတဲ့အကြောင်းကိုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်ကတစ်ဆင့်ပရိသတ်တွေကို မျှဝေလာခဲ့ပါတယ်။ကိုဗစ်-၁၉ ရောဂါကတော့ တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်လျက်ရှိပြီး လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

ကိုဗစ်ရောဂါပိုးကတော့ မြန်မာနိုင်ငံမှာ နေ့စဉ်လူထောင်ချီကူးစက်လျက်ရှိနေတာပါ။ မေသော်ကတော့ ရောဂါပိုးကူးစက်ခံရတဲ့အကြောင်းကို မျှဝေလာတာဖြစ်ပြီး ပရိသတ်တွေကတော့ အမြန်ဆုံးနေကောင်းဖို့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ ရောဂါပိုးကူးစက်ခံရသူတွေထဲကမှပြန်လည် ကောင်းမွန်ခဲ့သူတွေအများအပြားရှိနေတာဖြစ်ပြီး မေသော်တို့တစ်အိမ်သားလုံးအမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#credit