News

မြန်မာစစ်သား (၂) ဦးကို ရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းရာမှာ တရုတ်က အဓိက ကူညီပေးခဲ့

မြန်မာစစ်သား (၂) ဦးကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းရာမှာ တရုတ်က အဓိက ကူညီပေးခဲ့

မြန်မာစစ်သား ၂ ဦးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းရာမှာ တရုတ်နိုင်ငံက အဓိက အခန်းကဏ္ဍက ပါဝင် ကူညီခဲ့တယ်လို့ wion သတင်းဌာနက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဖော်ပြပါတယ်။

အမည်မဖော်လိုသူ သတင်းအရင်းအမြစ်ရဲ့ အဆိုအရ ဒီစစ်သား ၂ ဦး မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိဖို့ တရုပ်နိုင်ငံက ကူညီပေးခဲ့ပြီး သြဂုတ်လလယ်မှာ နယ်သာလန်နိုင်ငံကို ပို့ဆောင်ဖို့ ထပ်ပြီး ကူညီခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

မြန်မာစစ်သား ကိုမျိုးဝင်းထွန်း၊ ၃၃ နှစ်နဲ့ ကိုဇော်နိုင်ထွန်း၊ ၃၀ နှစ်တို့ဟာ ICC ကို ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ် အနောက်ပိုင်းမှာ ကျူးလွန်ခဲ့တွေကို ဝန်ခံခဲ့ရာ သူတို့ ၂ ဦးရဲ့ ဝန်ခံချက် ဗီဒီယိုကို Fortify Rights အဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် မြန်မာ့ တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကတော့ ဒီစစ်သား ၂ ဦးဟာ တပ်ပြေးတွေ ဖြစ်ကြပြီး ဖိအားပေး ခံနေရတယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးရဲ့ ပြောကြားချက်ကို နိုင်ငံတကာ တရားမျှတမှု တရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို အမှုဖွင့်ထားတဲ့ ဂမ်ဘီယာနိုင်ငံက အသုံးပြုလိမ့်မယ်လို့ မျှော်လင့်ရကြောင်း သတင်းကဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် အေအေက မြန်မာစစ်သားတွေ၊ တပ်ပြေးတွေကို ရှာဖွေဖမ်းဆီးခဲ့ရာမှာ သူတို့ ၂ ဦးလည်း ပါဝင်ခဲ့ပြီး သတင်းအရင်းအမြစ်ရဲ့ အဆိုအရ သူတို့ ၂ ဦးကို ICC ပို့နိုင်ဖို့ အေအေ ရဲ့ တောင်းဆိုမှုကြောင့် တရုတ်နိုင်ငံတော် လုံခြုံရေးဌာန ထောက်လှမ်းရေး အေဂျင်စီက ကူညီခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စဟာ ထိပ်တန်း မြန်မာစစ်တပ် ခေါင်းဆောင်တွေက တရုတ်ဆန့်ကျင်ရေးတွေ ပြောဆိုတဲ့အချိန်မှာ ဖြစ်ပေါ်လာပြီး ရုရှား ရုပ်မြင်သံကြား တစ်ခုနဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အင်အားကြီးနိုင်ငံ တစ်နိုင်ငံက နိုင်ငံအတွင်းရှိ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့တွေကို လက်နက်နဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနေတာကြောင့် တိုင်းပြည်အတွင်း ပြည်တွင်းစစ် ဆက်လက်ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဆိုးကျိုး သက်ရောက်စေခဲ့တယ် လို့ ပြောကြားပါတယ်။

တကယ်တော့ ဒီနှစ်အစောပိုင်းက တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်စဉ်ကတည်းက မြန်မာစစ်တပ် ခေါင်းဆောင်တွေနဲ့ ပေကျင်း ဆက်ဆံရေး သိပ်မကောင်းခဲ့တာ ဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

#credit