Local News

ရွေးကောက်ပွဲရလဒ် အပြီးသတ်ထုတ်ပြန်တွင် NLD ပါတီက ကိုယ်စားလှယ် ၉၂၀ ဦးဖြင့် စံချိန်တင် အနိုင်ရ

နိုဝင်ဘာ ၁၅

ယနေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များ ထုတ်ပြန်ပြီးစီးကြောင်း အသိပေး ကြေညာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကပဲ ကိုယ်စားလှယ်လောင်း ၁၁၀၆ ဦး ဝင်ပြိုင်ပြီး ၉၂၀ ဦးအထိ စံချိန်တင် အနိုင်ရခဲ့ပါတယ်။

ကော်မရှင်ကထုတ်ပြန်တဲ့ရလဒ်တွေအရ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီက ၁၉ ပါတီပဲရှိခဲ့ပြီး တစ်သီးပုဂ္ဂလက ၄ ဦးပဲနိုင်ရရှိခဲ့ကာ ပြည်ခိုင်ဖြိုးပါတီက ၇၁ ဦး အနိုင်ရရှိခဲ့ပါတယ်။ ကျန်တဲ့ပါတီတွေကတော့ တိုင်းရင်းသားပါတီတွေဖြစ်ပြီး ကိုယ်စားလှယ် ဦးရေ အများဆုံး အနိုင်ရရှိတဲ့ ပါတီကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဖြစ်ပြီး ၄၂ ဦးအထိအနိုင်ရရှိခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁၁၁၇ ခုမှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်

#credit