Celebrities

သေရာပါမယ့် တက်တူးထိုးပြီး အားပေးတဲ့ ပရိသတ်ကြောင့် မထင်မှတ်ထားလောက်အောင် အံ့သြဝမ်းသာဖြစ်နေတဲ့ G

G ကတော့ လက်ရှိပြသနေတဲ့ The Voice Myanmar Season (3) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပဲဖြစ်ပါတယ်။ G ကတော့ စိန်နန်းတော်ဆိုင်ကြီးရဲ့ အမွေကို ဆက်ခံမယ့် မျိုးဆက်ဖြစ်ပေမဲ့လည်း ပကာသနမရှိ ရိုးသားပွင့်လင်းလွန်းလှစွာ လူတွေအပေါ်မှာ ဆက်ဆံတတ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတဲ့ သူတစ်ယောက်ပါ။

လက်ရှိမှာလည် G က ကိုဗစ်ကာကွယ်ကုသရေးလုပ်ငန်းစဉ်တွေမှာ Voolunteer တစ်ယောက်အနေနဲ့ စေတနာဝန်ထမ်းအဖြစ် လုပ်အားပေးဆောင်ရွက်နေပါသေးတယ်။ ပရိသတ်တွေကတော့ G ရဲ့ မာန်မာနမရှိ ရိုးသားပွင့်လင်းလွန်းလှတဲ့ စိတ်ဓာတ်လေးကို သဘောကျ နှစ်သက်တာကြောင့် အချိန်တိုတို အတွင်းမှာပဲ တော်တော်လေးကို အားပေးချစ်ခင်ကြတာဖြစ်ပြီး လတ်တလောမှာတော့ သူ့ရဲ့ မွေးနေ့ရက်လေးကို အသားထက်မှာ သေရာပါမယ့် တက်တူးထိုးပြီး အားပေးတဲ့ ပရိသတ်တွေပါရှိနေခဲ့ပါတယ်။

G ကလည်း သူ့ကို အခုလို တက်တူးထိုးပြီး အားပေးတဲ့ ပရိသတ်တွေ ရှိနေခဲ့တဲ့ အထိ အားပေးတဲ့ ပရိသတ်တွေရရှိနေတာကို သိရှိရတဲ့အတွက် အံ့သြဝမ်းသာဖြစ်နေခဲ့ရပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေမှာရော G ရဲ့ ရိုးသားပွင့်လင်းမှုကို သဘောကျတာကြောင့် G ကို အားပေးပြီးချစ်ခင်ကြတဲ့ G ရဲ့ ပရိသတ်တွေရှိကြလား။

#credit