Celebrities

မဟာမြိုင်တောမှာရွှေတိဂုံစေတီတော်တည်ထားရန်အတွက် အလှူငွေ (၁၀)သိန်းလှူဒါန်းလိုက်တဲ့ စန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ ဒီနေ့ နိုဝင်ဘာလ (၁၅)ရက်နေ့မှာ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ စန္ဒီမြင့်လွင်ကတော့ လက်ရှိမှာ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အလှူအတန်းတွေကိုလည်း မိသားစုလိုက် မကြာခဏလှူဒါန်းပြုလုပ်လေ့ရှိပါတယ်

ဒီနေ့မှာလည်း စန္ဒီမြင့်လွင်တို့မိသားစုက သဲဖြူမဟာမြိုင်ဆရာတော်ဘုရားကြီး ရန်ကုန်ကို ကြွလာတုန်း
မဟာမြိုင်တောမှာ ရွှေတိဂုံစေတီတော်တည်ထားရန်အတွက် အလှူငွေကျပ် (ဆယ်သိန်း ) ကို ဆရာတော်ဘုရား ဘုရင်မကြီးမယ်တော်ကြီး နှင့်နှစ်ဖက်မိဘတွေကိုအမှူးထားကာ ခုနှစ်ရက်သားသမီးအားလုံးကိုယ်စား လှူဒါန်းခဲ့ပါတယ်။ အားလုံးကုသိုလ်ထပ်တူရကြပါစေရှင် လို့လည်း အလှူလေးရဲ့ ကောင်းမှုအစုစုကို မျှဝေဖော်ပြထားပါသေးတယ်။

စန္ဒီမြင့်လွင်ကတော့ ဒီအလှူလေးအပါအဝင် ဒီရက်ပိုင်းထဲမှာ ကိုဗစ် ရောဂါကာကွယ်ရေးနှင့်တစ်ကွ ဆရာလေးများ ဆရာတော်များ လိုအပ်တာတွေလှူဒါန်းတဲ့အလှူလေးတွေကို ပြုလုပ်ဖြစ်နေခဲ့ပါတယ်တဲ့။ CeleZone ပရိသတ်ကြီးရေ စန္ဒီမြင့်လွင်တို့ မိသားစုရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

#credit