Celebrities

မှော်ဘီမြို့ လူမှုကယ်ဆယ်ရေး အသင်းကို လူနာတင်ယာဉ်တစ်စီး ဒီနေ့မှာ လှူဒါန်းပေးလိုက်တဲ့ ဆောင်းယွန်းစံ

ပရိသတ်ကြီးရေ သရုပ်ဆောင် မော်ဒယ်လ် မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ ဒီနေ့မှာ လူနာတင်ယာဉ်လှူဒါန်းမှုအလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ ဆောင်ယွန်းစံကတော့ ကိုဗစ်ကာလအတွင်းမှာ အဓိက လိုအပ်နေတဲ့ လူနာတင်ယာဉ်ကို သူ့ရဲ့ပရိသတ်တွေနဲ့အတူ စုပေါင်းပြီး လှူဒါန်းခဲ့တာပါ။

ဆောင်းယွန်းစံက သူ့ရဲ့ မြန်မာအဝတ်အစားတွေကိုရောင်းချပြီး ရရှိလာတဲ့ ငွေတွေနဲ့ ပရိသတ်တွေလှူဒါန်းတဲ့ အလှူငွေတွေကို စုကာလှူဒါန်းခဲ့တာဖြစ်ပြီး အခုတစ်ခေါက်မှာတော့ ဒုတိယမြောက်လူနာတင်ယာဉ်ကို လှူဒါန်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆောင်းယွန်းစံက လူနာတင်ယာဉ်ကို မှော်ဘီမြို့ လူမှုကယ်ဆယ်ရေး အသင်းအတွက် ဒီနေ့ နိုဝင်ဘာလ (၁၅)ရက်နေ့မှာ ပေးအပ်လှူဒါန်းမှာဖြစ်ပါတယ်။

ဆောင်းယွန်းစံကတော့ ပရိသတ်တွေနဲ့ သူနဲ့အတူတူလှူဒါန်းတဲ့ ဒီကာလဒါနအလှူလေးကို (၇)ရက်သားသမီးပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေက ဆောင်းယွန်းနဲ့ သူ့ရဲ့ ပရိသတ်တွေရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ ကြပါဦးနော်။

#credit