Lifestyle

အသက် ၈၂ နှစ်အရွယ် ဘွားဘွား ဖြတ်ကျော်ခဲ့ရတဲ့ ကိုဗစ် ခရီးကြမ်း

အသက် ၈၂ နှစ်အရွယ် ဘွားဘွား ဖြတ်ကျော်ခဲ့ရတဲ့ ကိုဗစ် ခရီးကြမ်း

Covid positive ကနေ လွတ်မြောက်လာတဲ့ ဘွားဘွားရဲ့ အကြောင်းလေး ရေးမယ်ရေးမယ်နဲ့ အချိန်မအားတာက တကြောင်း အလုပ်မအားတာကတကြောင်း နဲ့ အခုမှ ရေးဖစ်တော့တယ်

ကျမသည် ဆေးပညာလောက ကမဟုတ်တဲ့အတွက် အယူအဆတေ မှားကောင်းမှားနေပါလိမ့်မယ် ဒါပေမဲ့ သက်ကြီးရွယ်အိုတေ ရောဂါအခံရှိသူ တေအတွက် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ covid ကပ်ရောဂါဆိုး ကို 82 နှစ် အရွယ်ကျမ ဘွားဘွား ကတော့ ဖြတ်ကျော်တွန်းလှန်နိုင်ခဲ့ပါတယ်

9 လပိုင်း 10 ရက်နေ့လောက်မှာ ကျမမေမေက ကိုယ်လက်ကိုက်ခဲတယ် ဆိုပီးပြောတော့ ကိုယ်လဲအညောင်းမိလို့ ဖစ်တာပါလေဆိုပီး သာမန်လောက်ပဲတွေးမိခဲ့တယ် 11 ရက်နေ့ရောက်တော့ စဖျားပါရော အိပ်ယာထဲနေရတဲ့ အထိ ကိုက်ခဲပီးဖျားတာ တုတ်ကွေးလို့ပဲထင်နေဆဲ 12 ရက်ကျတော့ ဟော အကောင်းအတိုင်း မနေ့က မဖျားခဲ့သလိုပဲ နေကောင်းပီဆိုပီး အဝတ်တေလျှော် အဘွားဝေယျာဝတ်စ တေလုပ်ရင်း နှစ်ရက်ကြာတော့ အနံ့စပျောက်ပါရော ရေချိုးရင်းမှ စသိခဲ့ရတာ ပုံမှန်စနေကျ ဆပ်ပြာနံ့က ဘာနံ့မှကိုမရတော့တာ သံပုရာရည်ဖျော်သောက်တယ် အဲ့လိုပဲ ….ထားပါတော့ positive လူနာစဖစ်ခဲ့ရတယ်

အဲ့မှာတင် အနီးကပ်ပြုစုပေးခဲ့တဲ့ အဘွားကူးမှန်းမသိစကူးသွားတယ် ပထမဆုံး ကိုယ်တေပူပီး ဖျားတယ် အမေ P ဖစ်တယ်ဆိုတဲ့ result မသိရသေးပေမယ့် လက္ခဏာတေက တူနေတော့ P လူနာတယောက်လိုပဲ သီးသန့်နေခိုင်းခဲ့တယ် အဘွားလဲစဖျားပီဆိုတော့ သေချာသလောက်ဖစ်နေပီဆိုတာ သိခဲ့ရတယ် အဖျားကျအောင် ပါရာစီတမောပဲ တိုက်တယ် မဖျားရင်မတိုက်ပါဘူး ပါရာက covid ပျောက်ဆေး မဟုတ်တော့ ခန္နာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတေကိုပါ အလုပ်ပေးသလိုဖစ်တယ်ဆိုတာကြားဖူးတော့ ဖျားမှပဲတိုက်ခဲ့ပါတယ်

အဖျားအရမ်းကြီးရင် နဖူးမှာ cooling pad ကပ်ပေးပါတယ် အဲ့ဒါလေးတကယ်ထိရောက်တယ် လူက ဖျားပီဆိုသိတဲ့အတိုင်း ဘာစားစားမဝင်တော့ဘူးလေ ရုတ်တရက်ထမင်းစားနေတဲ့သူက ဘာမှ မစားတော့ရင် အားကစပြတ်ရော …. ထမင်းအစား Ensure ကိုနှစ်ဇွန်း ခွက်သေးလေးနဲ့ တခွက် မဝင်ဝင်အောင်တိုက်ပါတယ် မနက် နေ့လည် ည ထမင်းစားသလိုပေါ့ အသက်ကြီးတော့ အားပြတ်သလိုဖစ်ပီး တုန်ပါတုန်တယ် အခုထိ မြင်ယောင်နေသေး

civit BBI 2 လုံးတိုက်တယ် မနက်ခင်းကို နေ့လည် ကျ Ensure တိုက်ပီးBecozinc တိုက်ပါတယ် ကြားထဲမှာ ရေအစား သကြားရည်ဖျော်တိုက်တယ် ( ဂလူးဂိုစ့်) မဝယ်ရသေးခင်ပါ သကြားရည် တို့ ဂလူးဂိုစ့်တို့က အားရှိတယ်ကြားဖူးလို့ နေ့ခင်း 3 နာရီလောက်ဆို Brands ကြက်ပေါင်းရည် တစ်ဗူးတိုက်တယ် အာခြောက်တယ်ပြောရင် သံပုရာရည်လေးလဲ ဖျော်ဖျောက်တိုက်ဖစ်တယ်

ညဘက်ဆို CoQ10 နဲ့ D3 civit 2လုံး ထပ်တိုက်တယ် ( စီဗစ်က 500 အားဆို 1 ခါပဲတိုက်နိုင်ပါတယ်) ကျမတိုက်တာ 100 အားမလို့ပါ ညအိပ်ခါနီးကို Hepto pep အိပ်ချင်စားချင်တဲ့အားဆေးလေး တိုက်တယ် ဒါတောင် အိပ်ယာထဲကမထနိုင်သေးဘူး အဘွားကအကြောဆေးသွင်းချင်တာ ဘယ်ဆရာဝန်မှ ပင့်လို့မရသလို ဘယ်ဆေးခန်းမှ လဲသွားမရဘူး အဲ့တာနဲ့ ဆေးပညာအကြောင်းနဲနဲနားလည်တဲ့ အဘွားကပဲ B12 အသားဆေး ထိုးပေးပါပြောလို့ ရက်ခြားပီး 5 ရက်တိတိ ထိုးပေးလိုက်တဲ့ခါ လူက နဲနဲ လန်းလားပီး ဆန်ပြုတ် စစားနိုင်ခဲ့ပါပီ

လူက အားလုံးဝ ပြတ်တာ ထတောင်မထနိုင်တဲ့အထိဖစ်သွားတယ် အဘွားကိုလက်လျော့ ရပီလို့တောင်ထင်ခဲ့တာ ကံကောင်းတာက မောတယ် အသက်ရှု မဝဘူး လုံးဝမဖစ်ခဲ့ပါဘူး ကိုယ်တိုက်ခဲ့တဲ့ဆေးတေကြောင့် ပဲလားတော့ မသိခဲ့ဘူး 7 ရက်တိတိ Ensure ပဲဝင်ခဲ့တာပါ နောက်မှ ဆန်ပြုတ် နဲနဲ စီ စစားတာ

အဘွားတစ်ခု ကံကောင်းတာက ဆီးချိုရောဂါမရှိဘူး ဒါပေမဲ့ တီဘီဆေးတော့သောက်နေရတယ် တီဘီဆေးကိုလဲ လုံးဝမဖြတ်ပဲ ဆက်တိုက်ပါတယ် ဆေးတေပြင်းတာကြောင့်လားတောင်ထင်ခဲ့မိသေးတယ် နောက်မှ contant person အနေနဲ့ Q လိုက်ဝင်ရတော့မှ အဘွား result က P ဖစ်နေမှန်းသိရတာပါ အဲ့အချိန်မှာ ဆန်ပြုတ် နဲနဲစီစစားပီး အားပြန်ရှိနေပီ covid ကိုတွန်းလှန်နိုင်ခဲ့တာ အသိစောပီး ကိုယ်ခံအားတတ်စေတဲ့ ဆေးတေတိုက်တာကော လူနာက စိတ်ဓါတ်လုံးဝ မကျခဲ့တာရော ကံတရားရောကြောင့် ထင်ပါတယ်

အားလုံးပဲ ကပ်ရောဂါ ဆိုးကြီးက ကင်းဝေးကြပါစေ ကျမကတော့ အခု AYA Center မှာပါ အဘွားကိုပြုစုလို့ကူးတာတော့ မဟုတ်ခဲ့ပါဘူး

credit