Local News

ရွေးကောက်ပွဲ အောင်နိုင်လို့ အတိုင်ပင်ခံကို ဂုဏ်ပြုစကားပြောကြားပြီး ဒီမိုကရေစီအရေးအတွက် အစိုးရအသစ်နှင့် ပူးပေါင်းမယ်လို့ အမေရိကန်သံရုံးပြော

ရွေးကောက်ပွဲ အောင်နိုင်လို့ အတိုင်ပင်ခံကို ဂုဏ်ပြုစကားပြောကြားပြီး
ဒီမိုကရေစီအရေးအတွက် ရှေ့ရှုဆောင်ရွက်နေသည့် အစိုးရအသစ်နှင့်

မြန်မာပြည်သူများ အတွက်ပူးပေါင်းဆောင်ရွက်မယ်လို့
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲကို
မြန်မာနိုင်ငံအနေဖြင့် အောင်မြင် စွာ ကျင်းပနိုင်ခြင်းအတွက် အမေရိကန်နိုင်ငံက

ဂုဏ်ယူကြောင်း ပြောကြားလိုက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်
ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းအတွက်လည်း ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ သံရုံးယာယီတာဝန်ခံ
ကွမ်ကတ်နိုက “အထွေထွေ ရွေးကောက်ပွဲကြီး၌အနိုင်ရရှိသော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ဂုဏ်ယူဝမ်းမြောက်ပါသည်။

အားလုံးပါဝင်သောငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့်
ဒီမိုကရေစီအရေးအတွက် ရှေ့ရှုဆောင်ရွက်နေသည့် အစိုးရအသစ်၊

မြန်မာပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်သွားရန်
မိမိတို့မျှော်လင့်လျက်ရှိပါသည်”လို့ဆိုပါတယ်။

#credit