Celebrities

ဒီပါဝလီနေ့ ကို အိန္ဒိယ ရိုးရာဝတ်စုံလေးနဲ့ ဂုဏ်ပြုခဲ့တဲ့ အေးမြတ်သူ

ပါးချိုင့်မင်းသမီးလေးလို့ နာမည်ကြီးပြီး အေးချမ်းတဲ့ အလှပိုင်ရှင် မင်းသမီးအေးမြတ်သူကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။ သွယ်လျတဲ့ခန္ဓာကိုယ်အချိုးအစားလေးကိုပိုင်ဆိုင်ထားပြီး အရွယ်နဲ့မလိုက်လောက်အောင် နုပျိုနေတဲ့ မင်းသမီးတစ်ယောက်လို့တောင်ဆိုရမှာပါ 

ဒီနေ့မှာကျရောက်တဲ့ ဒီပါဝလီနေ့ ရုံးပိတ်ရက်လေးမှာ ပရိသတ်အချစ်တော် အေးမြတ်သူကလည်း ဒီနေ့လေး ကို ဂုဏ်ပြုတဲ့အနေနဲ့ ပါဝင်ခဲ့ပါတယ် ။ ထူးထူးခြားခြား အဝါရောင် အိန္ဒိယ ဝတ်စုံလေးကို ဝတ်ဆင်ပြီး ပျော်ရွှင်ဖွယ်ရာ…. ဒီပါဝလီနေ့ ….ပါ ၇ရက်သားသမီးများအားလုံး နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေရှင်.. ဆိုတဲ့စာသားလေးနဲ့ အတူ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

သူမကို ချစ်ခင်ကြတဲ့ အိန္ဒိယနွယ်ဝင် ပရိသတ်တွေကလည်း Happy Dewali ပါ ဆိုတဲ့ မှတ်ချက်လေးတွေကို ရေးသားခဲ့ကြပြီး အိန္ဒိယ ဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ မမြတ်လေးကို ချီးကျူးစကားတွေ ဆိုခဲ့ကြပါတယ် ။ အေးမြတ်သူကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် အိန္ဒိယဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ မမြတ်လေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Aye Myat Thu
Emily (Cele Gabar)

#credit