Celebrities

ဖခင်ဖြစ်သူ ဒုဗိုလ်မှူးကြီး ဇေယျကျော်ထင် ဟန်ရင်နဲ့ ညီအစ်ကိုရင်းတွေရဲ့အကြောင်းကို ပြောပြလာတဲ့ အောင်ရင်

ပရိသတ်ကြီးရေ .. မနက်ဖြန်မှာကျရောက်မယ့် နိုဝင်ဘာလ (၁၅)ရက်နေ့ဟာ တေးသံရှင်အောင်ရင်ရဲ့ ဖခင်ဖြစ်သူ လွတ် လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့် ကိုယ်ပိုင်နံပါတ် ကြည်း/ ၆၁၁၁ ဒုဗိုလ်မှူးကြီး ဇေယျကျော်ထင် ဟန်ရင် ကွယ်လွန်ခဲ့တဲ့ (၃၁)နှစ်ပြည့်တဲ့နေရက်လေးပဲဖြစ်ပါတယ် ။ ဖခင်ဖြစ်သူကို လွမ်းဆွတ်တမ်းတတဲ့ အမှတ်တရအနေနဲ့ အောင်ရင်က ဖခင်ဖြစ်သူရဲ့ အရည်အချင်းတွေနဲ့ အောင်မြင်မှုတွေအကြောင်းကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ်ခ ။

အောင်ရင်ရဲ့ ဖခင်ဟာ အင်္ဂလန်ကနေဗိုလ်သင်တန်းဆင်းခဲ့ပြီး မြန်မာ့တပ်မတော်ရဲ့ အမြှောက်တပ်တွေ စဖွဲ့စည်းတဲ့ အစောပိုင်း ကာလတွေမှာ အရာရှိငယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့လို့ အမြှောက်တပ်တွေကို ဦးဟန်ရင် တို့နဲ့ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ် ။

ဦးဟန်ရင် ဂုဏ်ထူးဆောင်ဘွဲ့ရတော့ တေးသံရှင်အောင်ရင်တောင် မမွေးဖွားသေးပါဘူးတဲ့ ပရိသတ်ကြီးရေ ..။ ၁၉၅၉ ခုနှစ် ဘဘစစ်ဆင်ရေးမှာ နိုင်ငံတော် သမ္မတဦးဝင်းမောင်ရဲ့လက်မှတ်နဲ့ ဇေယျကျော်ထင် ဘွဲ့ ရယ် ခြောက်လုံးပြူးသေနပ်တစ်လက်ကိုနိုင်ငံတော်ကဆုချီးမြှင့်ခဲ့ရပါတယ် ။

ဦးဟန်ရင်က သား ၃ ယောက်ရှိခဲ့ပေမယ့် အလတ်ဖြစ်တဲ့ ဦး ကြွယ်ရင် တယောက်သာ တပ်ထဲဝင်ခဲ့ပြီး မေမြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်းအပါတ်စဉ် ၂၇ ( DSA 27th intake) ကဆင်းခဲ့သလို ဗိုလ်ကြီးဘဝနဲ့ တပ်မတော်ကအငြိမ်းစားယူပြီး အပြင် ကုမ္ပဏီတခုမှာဝင်အလုပ် လုပ်နေပြီဖြစ်ပါတယ် ။

ညီအငယ်ဆုံး ထွေးရင် ကတော့ ဘရူနိုင်းသံရုံးမှာ အလုပ်လုပ်တယ်လို့လည်းသိရပါတယ် ။ ဖေဖေဆုံးတဲ့အကြောင်း ရေးရင်း ညီအကိုတွေအကြောင်း၊ ငယ်သူငယ်ချင်းတွေနဲ့ ငယ်ငယ်တုန်းကအကြောင်းတွေ အစီအရီ မျက်စိထဲပြန်မြင်ယောင်လာတယ်၊ မြန်မာပြည်ကိုပြန်ချင်နေတာ လေကြောင်းလိုင်းတွေကလည်း မဖွင့်သေးဘူးလို့လည်း အောင်ရင်က ရေးသားဖော်ပြခဲ့ပါတယ် ။

#credit