Celebrities

နိုဝင်ဘာလ (၁၇)ရက်နေ့မှာ Live လွှင့်ပြီးကားတွေရောင်းချသွားမယ့် ခိုင်သင်းကြည်

ပရိသတ်ကြီးရေ .. ကိုဗစ်ကာလမှာ အနုပညာရှင်တော်တော်များများဟာ အနုပညာကြေးယူပြီး Live လွှင့်ဈေးရောင်းပေးတာတွေ အတော်လေး ခေတ်စားနေခဲ့ပါတယ် ။ ထက်ထက်မိုးဦးရဲ့ Live ဟာ အတော်လေး ပရိသတ်တွေကြားမှာ အောင်မြင်ရေပန်းစားခဲ့ပြီး တခြားအနုပညာရှင်တွေတော်တော်များများကလည်း Live လွှင့်ပြီး ရောင်းချတာတွေ ပြုလုပ်လာခဲ့ပါတယ် ။

လတ်တလောမှာတော့ ပရိသတ်အချစ်တော် မင်းသမီးလေး မပွတ်ကျွတ် လို့ ချစ်စနိုးခေါ်ရတဲ့ ခိုင်သင်းကြည်ကလည်း ၁၇.၁၁.၂၀၂၀ရက် နေ့ည ၇နာရီမှာ မခိုင်လေးကိုယ်တိုင် Suzuki Showroom မှာသွားပြီး Live လွှင့်ရောင်းချပေးတော့မှာဖြစ်တယ်လို့သိရပါတယ် ။ Suzuki ကားလေးတွေကို ဝယ်ချင်ကြတဲ့ ပရိသတ်တွေလည်း မခိုင်လေးရဲ့liveမှာဝယ်ရင်ဈေးတွေအများကြီးလျှော့ပေးပြီး i phone12လက်ဆောင် ကံစမ်းမဲလဲဖောက်ပေးမှာ ဖြစ်တယ်လို့ မခိုင်လေးက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။

မဝယ်ပေမယ့်လည်း ကြည့်ပြီး like & shareတဲ့သူတွေအတွက်ကို ဖုန်း billကံစမ်းမဲတွေအပြင်ထူးခြားတဲ့အစီအစဉ်တွေလဲအများကြီး ပြုလုပ်ပေးသွားဦးမယ်လို့သိရပါတယ် ။ မခိုင်လေးကို ချစ်ပြီး ကားဝယ်ချင်တဲ့ ချစ်ပရိသတ်ကြီးလည်း နိုဝင်ဘာလ (၁၇)နေ့ ည (၇) နာရီ Live လေးကို စောင့်ကြည့်ဖို့မမေ့ကြနဲ့နော် ။

Source : Khine Thin Kyi
Emily (Cele Gabar)

credit