Celebrities

ဟန်နီချိုကာရိုက်တာပီပြင်လွန်းလို့ ပန်းကန်ပါကွဲသွားတဲ့အဖြစ်နဲ့ ကြုံခဲ့ရတဲ့ မြနှင်းရည်လွင်

မြနှင်းရည်လွင်ကတော့ ဆွဲဆောင်မှုရှိတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားသလို ချစ်ရတဲ့ပရိသတ်တွေပျော်အောင်အမြဲထားတတ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ မကြာခဏဆိုသလို ပရိသတ်တွေချစ်စနိုးနဲ့စနောက်တာကို ခံရလေ့ရှိသူဖြစ်ပြီး ဘယ်တော့မဆိုအပြုံးမပျက် ပရိသတ်နဲ့ တစ်သားတည်းနေလေ့ရှိတာကြောင့် အခုဆိုအားပေးချစ်ခင်သူပရိသတ်အများအပြားရရှိနေပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ထုတ်လွှင့်ပြသပြီးသွားတဲ့ မာယာလှည့်ကွက် ဇာတ်လမ်းတွဲမှာ မန္တလေးမြို့က ထိပ်သီးလုပ်ငန်းရှင် ဟန်နီချိုကာရိုက်တာနဲ့ ဗီလိန်ဇာတ်ရုပ်ကို အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ အမြဲဒေါသထွက် စိတ်တိုနေရတဲ့ ဗီလိန်ကာရိုက်တာကို စိတ်နှစ်ပြီး အကောင်းဆုံးသရုပ်ဆောင်ခဲ့တာကြောင့် ဟန်နီချိုနဲ့ မြနှင်းရည်လွင် ခွဲမရအောင် ထပ်တူကျခဲ့သလို ဒီတစ်ခေါက်မှာလည်း ရိုက်ကူးရေးတုန်းက ဗွီဒီယိုလေးတစ်ခုကြောင့် ပရိသတ်တွေ ပိုလို့တောင်သဘောကျခဲ့ရပါသေးတယ်။

အမြဲစိတ်တိုနေရတဲ့ဟန်နီချိုတစ်ယောက် မာယာလှည့်ကွက်ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ မုန့်ဟင်းခါးစားရင်း ဇွန်းချလိုက်တာတောင် တိုက်တိုက်ဆိုင်ဆိုင် ပန်းကန်ကွဲသွားတာမို့ Mood ဝင်သွားတော့ပန်းကန်ပါကွဲသွားတဲ့ ဟန်နီလေးဆိုပြီး ပရိသတ်တွေ သဘောကျနေရတာပါ။ ရိုက်ကူးရေးလုပ်နေတုန်း ပန်းကန်ကွဲသွားလို့ ကိုယ့်ဘာသာကိုယ်တောင် အရမ်းအံ့အားသင့်ခဲ့ရတဲ့ ဟန်နီချိုရဲ့ ဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – susanshinphway3797 Tik Tok
Rainbow- Cele Gabar

#credit