Celebrities

အလှူရှင်တွေရဲ့ ပိုက်ဆွတွေကို ဆိုင်ကယ်ဝယ်စီးနေတာ အလွဲသုံးစားလုပ်နေတာဆိုပြီး ဝေဖန်ပြောဆိုသူတွေကို ပြတ်သားစွာ ပြောဆိုတုံ့ပြန်ခဲ့တဲ့ ထူးအယ်လင်း

အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော်ထူးအယ်လင်းကတော့ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ထူးအယ်လင်းကတော့ ယခုမှာ အလှူရှင်တွေရဲ့ ပိုက်ဆံနဲ့ ဆိုင်ကယ်ဝယ်စီးတာ၊အလှုငွေထဲကနေ

အလွဲသုံးစားလုပ်နေတာဆိုပြီး ဝေဖန်ကြသူတွေကို ပြတ်ပြတ်သားသားတုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ထူးအယ်လင်းကတော့” ထူးအယ်လင်း ရှမ်းပြည်က ကားဂိတ်အတွက် ကြေငြာဆိုပေးတာ လေးဆယ့်ငါးသိန်းတိတိနှင့် လက်ခံဆိုပေးတယ်…နောက်ထပ် မန်းမြေက တေးရေးဆရာတစ်ဦးက သီချင်းပို့ပေးတယ် ,, ကြေငြာသီချင်းတစ်ပုဒ်ပဲ ကိုယ့် အနုပညာဆိုကြေး သီးသန့် နှစ်ဆယ့်ငါးသိန်းတိတိယူတယ်,,,နောက်ထပ် ပါတီသီချင်းတစ်ပုဒ်ဆိုပေးရတယ် သိန်း တစ်ရာ့ရှစ်ဆယ်နှင့်ဆိုပေးခဲ့တယ်,,, နောက်ထပ်ရှိသေးတယ်

အခြားသော ဝင်ငွေတွေ,,,ကျွန်တော်ပြောချင်တာကကျွန်တော် လူမှုရေးအလှုတွေလုပ်တဲ့နေရာမှာ အရင်တုန်းကနှင့် ယခုထိတိုင် ဝါသနာတူတဲ့ ဆိုင်ကယ်စီးတဲ့ ဆိုင်ကယ်ချစ်သူတိုင်း အယုတ်အလတ်အမြတ်မရွေး ဆိုင်ကယ်စီးရင်း ကုသိုလ်ဖြစ်အောင် သွားကြ ကူကြ လှုကြတာပါ… အလှုများများရ ရပါလို၏ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလူတွေကို ခေါ်တာမဟုတ်ပါဘူး ။ဒါ့အပြင်,,အခြားသော အလှုရှင်တွေလည်း များစွာ ကူကြ လှုကြပါတယ်(နဲများမဆိုပေါ့ဗျာ)….ကျွန်တော်တာဝန်ယူပြီး ပြီးမြောက်အောင်အထိ

ကူညီလှုဒါန်းပါမည် လို့ ကတိပေးထားရင် ပြောတဲ့အတိုင်းပြီးအောင်လုပ်ပါတယ်ဆိုတော့ကျွန်တော်အပေါ်အမြင်မကြည်တဲ့ မနာလိုတဲ့ သူတွေတစ်ချို့က ကျွန်တော့်ကို အလှုငွေနဲ့လုပ်စားနေတာပါ အလှုငွေနဲ့ ဆိုင်ကယ်ဝယ်စီးတာပါ အလှုငွေထဲကနေ အလွဲသုံးစားလုပ်တာပါ လို့ ကျွန်တော့် နောက်ကွယ်မှာ နင်းကန်အတင်းပြောနေတဲ့သူတွေ ရှိတာသိရလို့ ကျွန်တော် ဒီစာကို ရေးရတာပါ “ဆိုပြီးရေးသားထားပါတယ်။ထူးအယ်လင်းကတော့ “ဟုတ်ကဲ့ကျွန်တော် ထူးအယ်လင်း လူမှုရေးတွေလုပ်တာ

ပျော်လို့ပါ,, ပီတိဖြစ်ရလို့ ယခုချိန်ထိတိုင် မည်ရွှေ့မည်မျှပင်ပန်းနေပါစေ တစ်ချက်မညည်းခဲ့ဘူး ကိုယ်နှင့် သဏ္ဍာန်တူပုံစံကွဲ စိတ်ဓာတ်ကောင်းတဲ့ လက်ရင်းဒိုး ညီအကို တူဝရီးတွေနှင့်ယနေ့အချိန်ထိ ကုသိုလ်ရေးလက်မနှေး ပြုနေလျက်ပါ။ငါ့ အကြောင်း သေချာ သိချင်ရင် ငါ့ကို လာတွေ့ပြီးမေးပါ.. ငါ သေချာပြောပြမယ်။ငါ နေချင်သလိုသာနေပေမယ့် ငါ လုပ်တဲ့အလုပ်ကို သပ်ရပ်အောင် ကိုယ့်ဉာဏ်စွမ်းရှိသလောက်

သေချာလုပ်တတ်ပါတယ်။ဒီစာတွေကို အားနေလို့ ထိုင်ကြွယ်ရေးပြနေတာမဟုတ်ပါဘူး,,, လိုအပ်လို့ ဒဲ့ ရေးချတာပါ။မင်း မှတ်ထားအုံး ငါ နိုင်ငံကျော်အဆိုတော် ထူးအယ်လင်း ဆိုတာ ,,, မင်းမသိချင်ယောင်ဆောင် မျက်နှာလွှဲတဲ့အရပ်မှာ ငါ့ကိုသိတဲ့သူ ဒုနဲ့ဒေးပဲ။ ဒါပေမယ့် ငါ မပလွှားပြခဲ့ပါဘူး ။လိုအပ်ရင်တော့ အမေါက်ထောင်ပြီး အဆိပ်ပန်းပြတတ်ပါတယ်။ သတိတော့ထားပါ “ဆိုပြီးရေးသားထားပါတယ်။

#credit