Celebrities

သာလေးရဲ့မွေးနေ့ပွဲလေးအတွက် ကိုယ်တိုင်အစအဆုံး အလှဆင်ကာဖန်တီးပေးခဲ့တဲ့ ဗီဒီယိုလေးတင်လိုက်တဲ့ သဉ္ဇာနွယ်ဝင်း

သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့  သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ခုချိန်ထိ ကလေးနှစ်ယောက် အမေလို့ ထင်ရက်စရာမရှိလောက်အောင် နုပျိုလှပနေတဲ့အပြင် ကလေးနှစ်ယောက်ကိုလည်း လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ရုံသာမကဘဲ ဇနီးကောင်းတစ်ယောက်ရဲ့ ဝတ္တရားကိုလည်း ကျေပွန်မှုတို့ကြောင့် အားလုံးက အားကျနေရတာပါနော် ။

သူမဟာ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ သူမရဲ့ သားလေးနဲ့ သမီးလေးဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီး ချစ်စရာကောင်းလာတာကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေကြတာပါနော် ။ 

သဉ္ဇာကတော့ အမြဲလိုလို သားလေးနဲ့ သမီးလေးရဲ့ လှုပ်ရှားမှုတွေကို အမြဲဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အခုလည်း သာလေးရဲ့မွေးနေ့ပွဲလေး အတွက်သူကိုယ်တိုင် အစအဆုံးသေချာပြင်ဆင်ဖန်တီးပေးနေတဲ့ ဗီဒီယိုလေးကိုဖော်ပြခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာ ပြင်ဆင်ရတာလွယ်ကူကြောင်းနဲ့ ပရိသတ်တွေလည်းလိုက်လုပ်နိုင်ရန် ရည်ရွယ်ပြီး ဖော်ပြခဲ့တာဖြစ်တာကြောင့်  တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။ #credit