Celebrities

ကောင်မလေးက ဒီဘဝနဲ့ဒီမျှပဲလို့ပြောတာတောင် ပြန်အဆင်ပြေချင်တယ်လို့ ဂျီကျခဲ့ဖူးတယ်ဆိုတဲ့ GFatt

နှုတ်ခမ်းနီမလေးတွေ အသဲစွဲ ဆယ်ကျော်သက်လူငယ်တွေကြား ရေပန်းစားလူကြိုက်များနေတဲ့ အဆိုတော် Gfattကို ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူဟာ သီချင်းများကို ကိုယ်တိုင်ရေးသားဖန်တီးကာ အသံအေးအေးလေးဖြင့် သီဆိုဖျော်ဖြေကာ ထိမိတဲ့စာသားတွေကြောင့် အချိန်ခဏလေးတွင်းမှာတင် အောင်မြင်မှုရရှိလာတာပဲဖြစ်ပါတယ်။သီချင်းများကိုသီဆိုဖျော်ဖြေရာတွင်လည်း ဖက်ရှင်ဒီဇိုင်း မိုက်မိုက်ဖြင့်သီဆိုဖျော်ဖြေတက်သူလည်းဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။အမိုက်စားသီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကိုရယူထားနိုင်ပြီး ယခုမှာလည်း သီချင်းအသစ်လေးတွေထွက်ရှိဖို့ ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ 

သူရဲ့လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေစောင့်ကြည့်အားပေးနေတာပဲဖြစ်ပါတယ် ။  အခုမှာတော့ သီချင်းစာသားလေးအချို့ကို သူရဲ့ဖေ့ဘွတ်စာမျက်နှာလေးမှာရေးတင်ခဲ့ရာ ပရိသတ်တွေကတော့ ထိုစာလေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ် ။ စာလေးကတော့ ” ကောင်လေးက ရီရတယ် ကောင်မလေးက ဒီဘဝနဲ့ဒီမျှပဲ လို့ပြောတာတောင် ပြန်အဆင်ပြေချင်တယ် လို့ ဂျီကျတယ်” ဆိုတဲ့အကြောင်းအရာလေးဖြစ်ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်

#credit