News

ရှမ်းပြည်နယ် မဘိမ်းမြို့နယ်တွင် (၆) နှစ်သား ကလေးတဦး အပါအဝင် လူ (၄) ဦး ဆင်နင်းခံရ၍ သေဆုံး

ရှမ်းပြည်နယ် မဘိမ်းမြို့နယ်တွင် (၆) နှစ်သား ကလေးတဦး အပါအဝင် လူ (၄) ဦး ဆင်နင်းခံရ၍ သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ ပင်ကြိမ်ရွာဟောင်းကျေးရွာမှာ နိုဝင်ဘာ(၁၃)ရက် မနက်ပိုင်းက လူ(၄)ဦး ဆင်နင်းခံရပြီး သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်က ဆင်ထိန်း နိုင်ဝင်း ဆိုသူက မဘိမ်းမြို့နယ်၊ ငါးကြီးအင်းလယ်တောသွားလမ်းပေါ်မှာ မုန်ယိုနေတဲ့ဆင်ကို လိုက်လံထိန်းကျောင်းရာမှာ အဲ့ဒီဆင်က နင်းခဲ့တာကြောင့် နိုင်ဝင်းသေဆုံးခဲ့ပြီး မုန်ယိုနေတဲ့ဆင်က ပင်ကြိမ်ရွာဟောင်းထဲက အသက်(၂၇)၊ (၂၈) နဲ့ (၆) နှစ်အရွယ် အမျိုးသားသုံးဦးကိုပါ ထပ်ပြီးနင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ လူ(၄)ဦးကိုနင်းခဲ့တဲ့ဆင်က လွတ်မြောက်နေဆဲဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန တို့က ဦးစီးအရာရှိ၊ ဝန်ထမ်းတွေက ဖမ်းဆီးရမိဖို့ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

#credit