Local News

တစ်အိမ်ထောင် လေးသောင်း မရသူများ လူကယ်ပြန်ဝန်ကြီးကို တိုင်ကြားဖို့ ဒေါက်တာဝင်းမြတ်အေးက‌ပြောပြီ

တအိမ်ထောင် လေးသောင်း မရသူများ လူကယ်ပြန်ဝန်ကြီး တိုင်ကြားဖို့ ဒေါက်တာဝင်းမြတ်အေး က ‌ပြော ..

တအိမ်ထောင် လေးသောင်း မရသူများ လူကယ်ပြန်ဝန်ကြီး ကိုတိုင်ကြားနိုင်တအိမ်ထောင် လေးသောင်း အစီအစဉ် မှာ အကျုံးဝင်ပြီး မရတဲ့သူတွေအနေနဲ့

အချက်အလက် ပြည့်ပြည့်စုံစုံ နဲ့ တိုင်ကြားဖို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ‌ပြောပါတယ်။သူ့အနေနဲ့ အဲ့ဒီမြို့နယ် တွေက သက်ဆိုင်ရာ ထွေအုပ်တွေ နဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့လည်း ဒီကနေ့မနက်ပိုင်းMNTV က ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ် ။

Stay at Home ချထားတဲ့ မြို့နယ်က ပြည်သူတွေ အတွက် တအိမ်ထောင်ကို လေးသောင်း နဲ့ တခြားမြို့နယ်တွေမှာ တအိမ်ထောင်ကို နှစ်သောင်းနှုန်းထောက်ပံ့ပေးနေတာလည်းဖြစ်ပါတယ်။မနေ့က စတင် ထောက်ပံ့ခဲ့တာဖြစ်ပြီး ရပ်ကွက်တိုင်း ၊ ကျေးရွာတိုင်းက ဝင်ငွေနည်းအခြေခံပြည်သူတချို့ကြားမှာ ဒီကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေပါတယ်။

သန်လျင် ၊ ကျောက်တန်း ၊ မင်္ဂလာဒုံ နဲ့ ရွှေ ပြည်သာ မှာရှိတဲ့ သတင်းရင်းမြစ်တွေကတော့ ထောက်ပံ့ကြေးပေးတိုင်း သူတို့မရကြဘူး လို့လည်း ဆိုပါတယ်။

အစိုးရအနေနဲ့ ကိုဗစ်-၁၉ ကြောင့် စားဝတ်နေရေးခက်ခဲနိုင်တဲ့ ပြည်သူတွေကို ဧပြီ ကစပြီး စက်တင်ဘာလ အထိ ကျပ်ဘီလီယံ ၂ထောင် နီးပါးအကုန်ကျခံ ထောက်ပံ့ပေးခဲ့တာပါ။

သတင်း -ဖေသက်ထက်ခင်

ဓာတ်ပုံ – ဒေါက်တာဝင်းမြတ်အေး

#credit