Celebrities

မြင်နေကျပုံစံတွေနဲ့မတူဘဲ ခပ်မိုက်မိုက် ဖက်ရှင်အလန်းစားတွေနဲ့ အထာကျကျ ဂေါ်နေတဲ့ ဝတ်မှုန်ရွှေရည်

အရုပ်မလေးတစ်ယောက်လို ချစ်စရာကောင်းသူလေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားခေတ်မှစတင်ပြီး ယနေ့ချိန်ထိတိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်မျှော်အားပေးနေကြတာပါ။

ဖက်ရှင်အလှဘုရင်မလို့ တင်စားထားရတဲ့ ကစ်ရဲ့အလှကတော့ အမြဲလိုလိုအများနဲ့မတူ ထူးထူးခြားခြား ဖြစ်နေခဲ့ပါတယ်။ကစ်ကတော့ အလုပ်တွေကြိုးစားလုပ်ကိုင်သလို အလှူတန်းတွေဆိုလည်း အမြဲလိုလိုပါဝင်ကူညီတတ်တဲ့စိတ်လေးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာလည်းဖြစ်ပါတယ်။ 

အမြဲလိုလို အမိုက်စားပုံရိပ်လေးတွေအပြင် ဆွဲဆောင်မှုရှိလွန်းတဲ့ ဟန်ပန်လေးတွေနဲ့ရိုက်ထားတဲ့ ဗီဒီယိုလေးတွေကိုလည်း ဖော်ပြလေ့ရှိတာဖြစ်ပါတယ် ။ အခုလည်း မြင်နေကျပုံစံတွေနဲ့ ကွဲထွက်ကာ ဖက်ရှင်အလန်းစားတွေကိုဝတ်ဆင်ပြီး အထာကျကျဂေါ်နေတဲ့ ပုံလေးတွေကိုဖော်ပြထားရာ အရမ်းချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။ 

#credit