Celebrities

မေမေတောင်အရှုံးပေးသွားရလောက်တဲ့ အမိုက်စားပို့စ်တွေမျိုးစုံပေးကာ အသည်းယားစရာကောင်းလွန်းနေတဲ့ ထရက်ရှာ

ချစ်စရာကောင်းပြီး သာယာပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် စန္ဒီမြင့်လွင်လည်း အပါအဝင်ဖြစ်ပါတယ်နော်။ စန္ဒီမြင့်လွင်ရဲ့သမီးလေးဖြစ်တဲ့ Treasureလေးဟာလည်း ပါးဖောင်းဖောင်းလေးနဲ့အရမ်းကိုချစ်စရာကောင်းတာကြောင့် ပရိသတ်တွေကသူမရဲ့သမီးလေးကိုပါ အချစ်တွေပိုနေရတာပါ။ 

Treasureလေးဟာလည်းမေမေနဲ့အတူ ကြော်ငြာတွေလည်းရိုက်ကူးနေပြီဖြစ်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် အားလုံးကသည်းသည်းလှုပ်ချစ်နေကြရတာဖြစ်ပါတယ်။ Treasureလေးရဲ့ အမြဲလိုလို နှုတ်ခမ်းလေးစူကာပို့စ်လေးတွေ ပေးတတ်တာကြောင့် ပရိသတ်တွေကြွေနေရတာလည်းဖြစ်ပါတယ်။ 

အခုလည်း မေမေနဲ့အတူ ဖက်ရှင်အလန်းလေးတွေ ဆင်တူဝတ်ဆင်ကာ အသည်းယားစရာကောင်းလွန်းတဲ့ ပို့စ်လေးတွေမျိူးစုံပေးနေကာ မေမေတောင်အရှုံးပေးရလောက်အောင် တတ်လွန်းနေတာလည်းဖြစ်ပါတယ် ။ ပုံလေးတွေတိုင်းမှာ အရမ်းချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။ 

#CREDIT