Celebrities

အိန္ဒိယနိုင်ငံမှာကျင်းပတဲ့ Calcutta International Cult Film Festival မှာ နောက်ထပ် ဒုတိယအကြိမ် ဆုအကြီးကြီး ရရှိခဲ့ပြန်တဲ့ ရွှေမှုန်ရတီ

မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အဖြစ် အနုပညာလောကို ဝင်ရောက်လာခဲ့သူလေး ဖြစ်ပါတယ်။ အသက်အရွယ်ငယ်ပေမယ့် အနုပညာအရည်အချင်း အပြည့်အဝရှိတဲ့ ရွှေမှုန်ရတီက အချိန်ခဏလေးအတွင်းမှာ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ 

ါ့အပြင်သရုပ်ဆောင်ကောင်းသလောက် အသံချိုချိုလေးနဲ့ ဖမ်းစားနိုင်တဲ့ ရွှေမှုန်လေးက တစ်နေ့တစ်ခြား ပိုပိုပြီးချစ်ဖို့ကောင်းလာတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ကိုယ်စီအနုပညာအလုပ်တွေကို မနားတမ်းလုပ်ကိုင်နေရပေမယ့်လည်း သူတို့စုံတွဲက အချစ်တွေပိုတိုးလို့နေတာ တွေ့ရပါတယ်။ 

အခုမှာတော့ အိန္ဒိယနိုင်ငံမှာကျင်းပတဲ့ Calcutta International Cult Film Festival မှာ ဒုတိယ အကြိမ်မြောက် နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီး ဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ကြောင်းကို ” သဲ India မှာဆုထပ်ရတယ်တဲ့ … သဲကိုအားပေးကြတဲ့ သဲကို ချစ်ကြတဲ့ ပရိသတ်တွေမိတ်ဆွေ ညီအကိုမောင်နှမတွေကိုကျေးဇူးအများကြီးတင်ပါတယ်နော် … သမီးရဲ့ဆရာ Uncle Lay ကိုလည်းကျေးဇူးတင်ပါတယ် ပါဝင်ခွင့်ပေးတဲ့ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ် သဲအများကြီးကြိုးစားပါဦးမယ်ရှင့် “ဆိုတဲ့စာလေးကိုဖော်ပြခဲ့တာဖြစ်ရာ အရမ်းတော်လွန်းတဲ့ သဲကို ပရိသတ်တွေက ချီးကျူးသလို ချစ်ခင်ပွန်းကိုယ်တိုင်ကလည်း ဂုဏ်ယူမဆုံးဖြစ်နေတာပါပဲနော် ။ 

#credit