Celebrities

ဆန်အိတ်အလေးကြီးတွေကို ကိုယ်တိုင်ထမ်းနေတဲ့ ချစ်ဇနီးလေးကို သဘောတွေကျနေတဲ့ ဒိန်းဒေါင်

ရယ်စရာဟာသ ပြက်လုံးတွေနဲ့ ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်စေခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်ဒိန်းဒေါင်လည်း အပါအဝင်ပါပဲနော် ။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်တဲ့ ဟာသအနုပညာရှင်တစ်ဦးဖြစ်ပြီး ယနေ့ထိတိုင် ပရိသတ်တွေရဲ့ အချစ်ကိုရရှိထားသူပါ ။

အလှူအတန်းလည်းအရမ်း ရက်ရောသူဖြစ်ပြီး ပရဟိတစိတ်ရှိတဲ့ ဒိန်းဒေါင်ကတော့ သူရဲ့အနုပညာကြေးလေးတွေနဲ့လည်း မကြာခဏ အလှူအတန်းပြုလုပ်ကာကုသိုလ်ယူ တတ်သူတစ်ယောက်ဖြစ်ပါတယ် ။ အဲ့လိုစိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အတုယူစရာကောင်းရလောက်အောင် အရမ်းကောင်းတဲ့ ဒိန်းဒေါင်ဟာ သဘင်ပညာမှာလည်းထူးချွန်သူတစ်ယောက်ပါပဲနော် ။

အခုရက်ပိုင်းတွေမှာလည်း တတ်နိုင်သလောက် နေရာစုံမှာ အလှူအတန်းတွေ မျိုးစုံလိုက်လုပ်ပေးနေတာလည်း တွေမြင်ရပါတယ်။ အခုမှာတော့ ဆန်အိတ်အလေးကြီးတွေကို ကိုယ်တိုင်ထမ်းနေတဲ့ ချစ်ဇနီးလေးကို သဘောတွေကျကာ ပုံလေးနဲ့အတူ ” ဘူလေးလဲ သနားပါတယ်မလုပ်ရင်အိမ်ပေါ်ကဆင်းဆိုလို့ ” ဆိုတဲ့ စာလေးကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြခဲ့ရာ ချစ်စရာကောင်းလွန်းတာကြောင့် မျှဝေပေးလိုက်ပါတယ် ။

#credit cele zone