Celebrities

စိန်ဖြိုးလှိုင် ပြန်ရမယ့်ရက်နီးပြီမို့ Positive ထွက်မှာ အရမ်းစိတ်ပူနေကြောင်း မျှဝေလာတဲ့ ရီရီပွင့်ဖြူ

စိန်ဖြိုးလှိုင်ကတော့ အစ်မဖြစ်သူနွေးနွေးလှိုင်ရဲ့ ကလေးတွေနဲ့အတူ Q လိုက်ဝင်ပေးရင်း ကိုယ်တိုင်လည်းရောဂါပိုး စစ်ဆေးချက်တွေ့ရှိခဲ့တာကြောင့် ဧရာဝတီစင်တာမှာ သွားရောက်ကုသမှုခံယူခဲ့ရသူတစ်ယောက်ပါ။ ရောဂါပိုး တွေ့ရှိချက် Negative ထွက်ပြီးချိန်မှာလည်း ခဏပဲနားပြီး လတ်တလောမှာတော့ ဖောင်ကြီးကုသရေးစင်တာမှာ လုပ်အားပေးဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

မနေ့ကတော့ လုပ်အားပေးဆရာဝန်တွေပြန်လို့ ပိုးစစ်ကြရာမှာ (၂) ဦးမှာ ရောဂါပိုးတွေရှိခဲ့တာကြောင့် ပင်ပင်ပန်းပန်းလုပ်ခဲ့ပြီးမှာ ဒီနေရာမှာပဲဆက်နေရဦးမှာမို့ စိတ်မကောင်းကြောင်းကို စိန်ဖြိုးလှိုင်ကတော့ မျှဝေခဲ့သလို ရီရီပွင့်ဖြူကလည်း စိန်ဖြိုးအတွက် အရမ်းစိတ်ပူနေပြီဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ မျှဝေလာပါတယ်။ စိန်ဖြိုးလည်းပြန်ရမယ့်ရက်နီးပြီ…. စစ် လို့ p ထွက်မှာစိတ်ပူလိုက်တာနော်… ငါစိတ်ညစ်လို့သေတော့မယ် .Covid ကိုတိုရမလား အပြင်ထွက်နံ့နေတဲ့ဟာတွေတိုရမလား..သွားတဲ့ သူ့ကို တိုရမလား..
ဘယ်သူ့စိတ်တိုရမှန်းမသိဘူးနော်… ဆိုပြီး သူ့ရင်ထဲက အပူတွေကို မျှဝေခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုဗစ်တိုက်ဖျက်ရေးကာလမှာ ရှေ့တန်းကတိုက်ပွဲဝင်နေကြတဲ့ ဆရာဝန်၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ လုပ်အားပေးတွေ အကုန်လုံးက ရောဂါပိုးကို မမှုဘဲ ကိုယ့်တာဝန်ကို အကောင်းဆုံးတာဝန်ကျေပွန်အောင် လုပ်နေကြသလို လုပ်အားပေးချိန်ပြည့်လို့ အိမ်ပြန်ဖို့စစ်ဆေးရာမှာ ပိုးမတွေ့ရှိဖို့ကလည်း အရေးကြီးတာမို့ ပရိသတ်ကြီးရဲ့ မေတ္တာအားနဲ့အမြဲ ဆုတောင်းပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ မကြာခင်မှာ ရက်ပြည့်လို့အိမ်ပြန်ရတော့မယ့် စိန်ဖြိုးလှိုင်လည်း ရောဂါပိုးကင်းစင်ဖို့ ပရိသတ်ကြီးဆုတောင်းပေးခဲ့ပါဦးနော်။

Source- Sein Phyo Hlaing
Rainbow- Cele Gabar

#credit