Celebrities

ဓားထိုးခံရတဲ့အခန်းရိုက်တုန်းက မတော်တဆထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့ ခန့်သီရိဇော်

ပရိသတ်ကြီးရေ MRTV-4 ကထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေ အများကြီးထဲက လတ်တလော ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ ဇာတ်လမ်းတွဲလေးကတော့ မာယာလှည့်ကွက်ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။ ဒီဇာတ်လမ်းတွဲမှာ ပရိသတ်အချစ်တော် MRTV-4 ကမင်းသားမင်းသမီးတွေအများကြီး ပါဝင်ပြီး ပရိသတ်တွေအတော်လေး စိတ်ဝင်စားနေတဲ့ ဇာတ်လမ်းတွဲ တစ်ခုလို့ ဆိုရမှာပါ ။

ဒီဇာတ်လမ်းတွဲလေးမှာ မုန်း ဆိုတဲ့ ကာရိုက်တာလေးနဲ့ပါဝင်သရုပ်ဆောင်ထားတဲ့ မုန်းကတော့ မာယာလှည့်ကွက်ဇာတ်လမ်းတွဲရိုက်ကူးစဉ်က အဖြစ်ပျက်လေးတွေကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။ ဓားနဲ့ အထိုးခံရတဲ့အခန်းရိုက်တုန်းက တကယ့်ဓားအစစ်နဲ့ရိုက်ခဲ့ရ ဖြစ်ပြီး ရိုက်ရင်း mood ဝင်သွားပြီး လက်ကိုဓားနဲ့ မတော်တဆလေးထိမိသွားတာတောင်မသိဘူး ရိုက်ပြီးတော့မှ နာမှန်းသိတယ် ဆိုတဲ့စာသားလေးနဲ့အတူ ရိုက်ကူးရေးလုပ်တုန်းက မတော်တဆ ထိခိုက်မိခဲ့တဲ့ အဖြစ်ပျက်လေးကို ပရိသတ်တွေကို ပြောပြလာခဲ့တာဖြစ်ပါတယ် ။

ချစ်တဲ့သူအတွက်ဆို ဘယ်လောက်ပဲနာကျင်နေပါစေ အရှေ့က မားမားမတ်မတ်ကာကွယ်ပေးမယ့်သူပါ လို့လည်း ရေးသားဖော်ပြခဲ့ပါသေးတယ် ။ ပရိသတ်ကြီးရော .. မုန်းနဲ့ အမရာ တို့ဘာဆက်ဖြစ်မယ်ထင်လဲ မှတ်ချက်လေးပေးခဲ့ကြပါဦးနော် ။

Source : Khant
Emily (Cele Gabar)

#credit