Celebrities

လိုအပ်နေတဲ့သူတွေကို စားသောက်ကုန်တွေလှူဒါန်းဖို့အတွက် ပြင်ဆင်နေတဲ့ မထက်

မထက်ကတော့ မြန်မာနိုင်ငံကနာမည်ကျော်မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တာကြောင့် လူသိများတဲ့သူတစ်ယောက်ပါ။ ပွင့်လင်းဖော်ရွေပြီး မာနမကြီးတဲ့သူဖြစ်တာကြောင့်လည်း ပရိသတ်တွေကချစ်ခင်ကြတာလည်း ဖြစ်ပါတယ်။ အခုလိုကိုဗစ်ကာလကြီးမှာတော့ တတ်နိုင်သမျှအလှူဒါနပြုလုပ်နေသူတွေရှိနေကြပြီး မထက်လည်း အပါအဝင်ပါ။

ကိုဗစ်ကာလအတွင်းမှာတော့ မထက်တစ်ယောက် တတ်နိုင်သမျှအလှူပြုလုပ်လေ့ရှိတာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ လိုအပ်နေတဲ့သူတွေကို စားသောက်ကုန်တွေလှူဒါန်းပေးဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းကိုတော့ “ဆန်တွေဆီတွေလိုတဲ့သူကိုလက်ဆောင်ပေးဖြစ်တယ်။ ဝိုင်းကူဝယ်ပေးကြသူ‌တွေကိုလည်းကျေးဇူးတင်ပါတယ်” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြလာတာပါ။

သူကတော့ အစားအသောက်တွေကို အထုပ်တွေနဲ့ထုပ်ပိုးပြီးတော့ အလုပ်ရှုပ်နေတဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကိုမျှဝေလာတာပါ။ မထက်တစ်ယောက် အခုထက်ပိုပြီး အဆပေါင်းများစွာလှူနိုင်တန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Source : MaHtet-PopSoul

#credit