Local News

ကိုဗစ် ကာကွယ်ဆေးထိုး ရန် မြန်မာတစ်နိုင်ငံလုံး ရှိ ကျန်းမာရေးဝန်ထမ်းတွေကို စာရင်းကောက်

ကိုဗစ်ကာကွယ်ဆေးထိုးရန် မြန်မာတနိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများကို စတင် စာရင်းကောက်နေပြီလို့ သိရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မြန်မာတနိုင်ငံလုံးရှိ ဆေးရုံများ အားလုံးကို နိုဝင်ဘာ (၁၁) ရက် နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။

စာထဲတွင် ကာကွယ်ဆေးထိုးနှံရန်အတွက် ဆေးရုံ ကုသဆောင်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအင်အားစာရင်းကို ဇယားတွင် ဖြည့်စွက်၍

အမည်စာရင်းနှင့်အတူ (၁၁-၁၁-၂၀၂၀) ညနေ (၄) နာရီ နောက်ဆုံး ထားပြီး ဆေးရုံအုပ်ကြီး ရုံးခန်းသို့ ပေးပို့ပါရန် အကြောင်းကြားပါသည်လို့ ပါရှိပါတယ်။

ကမ္ဘာပေါ်မှာ ကိုဗစ်ကို ရာနှုန်း ပြည့်နီးပါး ကာကွယ်နိုင်တဲ့ ကာကွယ်ဆေး ပေါ်ပေါက်လာခြင်းနှင့်အတူ လူတွေရဲ့ မျှော်လင့်ချက်တွေဟာလည်း ရှင်သန်လာပြီ ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို ဒီဇင်ဘာလအကုန်မှာ စတင် ဖြန့်ဝေနိုင်မယ်လို့ သိရပါတယ်။

#credit