Local News

လှည်းကူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို ဆန္ဒပြသူများအား အမှုဖွင့်အရေးယူ

နိုဝင်ဘာ ၁၂

ရန်ကုန် လှည်းကူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို ဆန္ဒပြသူများအား ဥပဒေအရ အရေးယူလိုက်တယ်လို့ ကော်မရှင်ကသတင်းထုတ်ပြန်လိုက်ပါတယ်။

လှည်းကူးမြို့နယ် ဖောင်ကြီး ကျေးရွာ အုပ်စု မဲရုံ (၃) တွင် ဆန္ဒမဲပေးခွင့်ပြုခဲ့ခြင်းကို ကျေနပ်မှု မရှိသဖြင့် ဦးထွန်းထွန်းဦး၊ ဦးသီဟအောင်၊ ဒေါ်လွင်မြတ်နိုး(ခ)နိုးနိုးတို့ဦးဆောင်သော အင်အား ၇၀ ခန့် က လှည်းကူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် မော်တော်ယာဉ် ၅ စီးဖြင့် စီတန်း ကြွေးကြော်ခဲ့ တာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်ကို ကျူးလွန်ခဲ့သည့် ဦးကျော်စိုးခိုင်၊ ဦးကြည်ဇင်၊ ဒေါ်ဖြူဖြူဝင်း၊ ဦးစိုးလွင်၊ ဦးထွန်းထွန်းဦး၊ ဦးသီဟအောင်၊ ဒေါ်လွင်မြတ်နိုး(ခ)နိုးနိုးတို့ကို သက်ဆိုင်ရာ မြို့နယ် ရဲစခန်းတွင် လွှတ်တော်ဥပဒေပုဒ်မ ၅၉ ၊ ငြိမ်းစုစီ ပုဒ်မ ၁၉ တို့ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ဆိုပါတယ်။

#credit