Celebrities

ဝိတ်လျှော့ဖို့အတွက် Challenge ခေါ်တဲ့ ပုံကို Body Shaming လုပ်ကြလို့ ပညာသားပါပါတုံ့ပြန်ခဲ့တဲ့ နေခြည်ဦး

ပရိသတ်အချစ်တော် မိတ်ကပ် Blogger တစ်ယောက်ဖြစ်တဲ့နေခြည်ဦးကတော့ ဒီနေ့မှာ သူမကိုယ်တိုင် လက်မောင်းတွေပေါင်တွေ အရမ်းတုတ်ပြီး ဗိုက်ခေါက်တွေထွက်လာလို့ challenge လေး တစ်ခုကို Join ကြဖို့သူမရဲ့ မိန်းကလေး ပရိသတ်တွေကိုဖိတ်ခေါ်ခဲ့ပါတယ် ။ work out program မျိုးမဟုတ်ဘဲ ကိုယ့်ပုံမှန် အစားအသောက်ကို စိတ်အားထက်သန်စွာနဲ့ ဆင်ခြင်လျှော့စားမှာဖြစ်လို့ ဘယ်သူမဆို ဝင်ပါလို့ရပါတယ်လို့ချီချီက လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့တာပါ ။

နေခြည် ဘာစားလဲကိုလဲ story မှာတောက်လျှောက်တင်ထားပေးမယ်။နောက်အပတ် Wednesday မှာ winner 3 ယောက်ကို Real Slim 7 days program လက်ဆောင်ပေးမယ်။2021 new year မှာ အရမ်းမိုက်နေရမယ် ဆိုတဲ့စာသားလေးနဲ့အတူ သူမနဲ့အတူ ပရိသတ်တွေပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တာပါ ။ ဒါပေမယ့် သူမတင်ခဲ့တဲ့ ပုံကို Body Shaming လုပ်တဲ့သူတွေ အများအပြားရှိခဲ့ပါတယ် ။

ချီချီကတော့ Body Shaming လုပ်တဲ့ comment များဖတ်ချင်ရင် သူမပုံရဲ့ comment မှာကြည့်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသော မိန်းကလေးကိုကြည့်ချင်ရင် ဓါတ်ပုံကိုကြည့်ပါ ဆိုတဲ့ စာသားလေးနဲ့အတူ Body Shaming လုပ်တဲ့ သူတွေကို ပညာသားပါပါတုံ့ပြန်ခဲ့ပါတယ် ။ ဒါ့အပြင် (၇) ရက်အတွင်း သူမကိုယ်သူမ ပြောင်းလဲဖို့အတွက်လည်း Challenge လုပ်ခဲ့ပါတယ် ။

Source : Nay Chi Oo
Emily (Cele Gabar)

#Credit