Celebrities

အသက် (၄၅)နှစ်ကျော်မှ ငယ်ဘ၀ အိပ်မက်ကို အကောင်ထည်ဖော်နိုင်ခဲ့တဲ့အကြောင်း ပြောပြလာတဲ့ ဒါရိုက်တာကိုပေါက်

ပရိသတ်အချစ်တော် ဇာတ်ပို့သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ကတော့ အသက် (၄၅) ကျော်မှ သူ့ရဲ့ငယ်ဘ၀ အိပ်မက်တွေကို အကောင်ထည်ဖော်နိုင်ခဲ့ကြောင်း ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ တစ်ခါက အိပ်မက်တွေက အခုအချိန်မှာ တကယ်ဖြစ်လာခဲ့တယ်လို့ ငယ်ဘ၀ အိပ်မက်တွေတကယ်ဖြစ်လာတဲ့အကြောင်း ဝေမျှခဲ့တာပါ ။

ကျွန်တော်လူပျိုပေါက်ဖြစ်တော့ ဆိုင်ကယ်တွေနဲ့ ပိုစတာတွေ၊ကြော်ငြာတွေတွေ့ရင် ကြည့်ရတာ ငန်းရတာအမောပါပဲ။ကိုညီထွဠ် ကိုလွင်မိုး ကိုမင်းဦး ကိုလူမင်းတို့ရဲ့ ပိုစတာတွေက အများဆုံးပေါ့။သူတို့လို ဆိုင်ကယ်တွေနဲ့ ကုန်ပစ္စည်းကြော်ငြာတွေရိုက်ချင်ခဲ့တာ အရူးအမူးပါပဲ လို့ ငယ်ငယ်ထဲက အရူးအမူး ဖြစ်ချင်ခဲ့တဲ့ ဆန္ဒလေးကို လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့် အနုပညာလောကထဲရောက်လာတော့လဲ ဝါသနာပါပြီးလုပ်နေတဲ့အလုပ်က ဇာတ်ပို့ဇာတ်ရံဘဝနဲ့ဒါရိုက်တာ ဆိုတော့ အိပ်မက်တွေနဲ့ ဝေးခဲ့ရတာပါ ။

ဒါပေမယ့် ဒီနေ့ ဒီအချိန် အသက်၄၅ နှစ်ကျော်ဘဝမှာတော့ အိပ်မက်တွေက အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ တဲ့ပရိသတ်ကြီးရေ ..။ နာမည်ကြီး MOBIL Engine oil နဲ့လက်တွဲပြီး အလုပ်လုပ်ခွင့်ရခဲ့ပြီဖြစ်ပြီး အခုလိုအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တာကတော့ လျှောက်လို့ရတဲ့လမ်းကနေ လျှောက်လို့ရသလောက် အမြဲတမ်းလျှောက်နေလို့ ဖြစ်ပြီး ခင်ဗျားတို့ရဲ့ ဖြစ်လိုစိတ်တွေကို ဘယ်တော့မှ မရပ်ပါနဲ့ လို့လည်း ပရိသတ်တွေကို အကြံဉာဏ်ကောင်းတွေပေးခဲ့ပါတယ် ။

Source : Aung Min Naing
Emily (Cele Gabar)

#credit