Celebrities

ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ Single နေ့လေးအကြောင်းပြောပြလာတဲ့ ဟန်တီ

ပရိသတ်ကြီးရေ ဒီနေ့နိုဝင်ဘာလ (၁၁)ရက်နေ့ကတော့ အပြည်ပြည်ဆိုင်ရာ Single နေ့ပဲဖြစ်ပါတယ် ။ ဒီ အပြည်ပြည်ဆိုင်ရာ Single Day နဲ့ပတ်သက်ပြီး မော်ဒယ်လ် ဟန်တီက ဒီနေ့လေးဖြစ်ပေါ်လာပုံကို ပရိသတ်တွေကို ဝေမျှလာခဲ့ပါတယ် ။ ရည်းစားမရှိတာကို ထိုင်ပူဆွေးနေမယ့်အစားသူငယ်ချင်း ၄ ယောက် ချစ်ချစ်ခင်ခင်နေထိုင်ကြ မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရုတ်နိုင်ငံ၊ နန်ကျင်းတက္ကသိုလ်က ကျောင်းသား ၄ ဦးအစုကနေ စတင် သတ်မှတ်ခဲ့တာပါတဲ့ ။

သူတို့်ဟာ အင်္ဂလိပ်ကိန်းအရ ဆယ့်တစ်လပိုင်း၊ ဆယ့်တစ်ရက်က တုတ်ချောင်း သဏ္ဍန် (11/11)ရဲ့ “1”တခုချင်းစီဟာ သူတို့ တစ်ဦး တယောက်ချင်းစီကို ကိုယ်စားပြုတယ်လို့ ခံယူထားကြပြီး တစ် ၄လုံး ထပ်တူကျတဲ့ နိုဝင်ဘာလ ၁၁ရက်ကို “ပျော်ရွှင်ဖွယ်ရာ Single များနေ့”အဖြစ် ၁၉၉၃ ခုနှစ်ကစပြီး စတင်သတ်မှတ်ခဲ့ပါတယ်။ အထီးကျန်တဲ့ Single လေးများရဲ့ စိတ်ဖြေရာနေ့လေးတစ်နေ့ဖြစ်ပေမယ့် လည်း ဒီနေ့ဟာ ကမ္ဘာ့ရှော့ပင်ဈေးကွက်ကို ဂယက်ရိုက်နိုင်ဆုံးနေ့ဆိုလည်းမမှားပါဘူး။ အွန်လိုင်းရှော်ပင်ကုမ္မဏီကြီး အလီဘာဘာရဲ့သူဌေးဖြစ်သူ ဂျက်မားဟာ ၂၀၀၉ ခုနှစ်ရဲ့ Single များနေ့မှာ လျော့ဈေးတွေဝက်ဝက်ကွဲချခဲ့ရာကစပြီး Single များနေ့ဟာ အလုအယက် ရှော်ပင်ထွက်၊ဈေးဝယ်ကြတဲ့ နေ့တနေ့ဖြစ်လာခဲ့တယ်လို့သိရပါတယ် ။

ဒါတင်မကပဲ၂၀၁၈ ခုနှစ် တုန်းကဆိုရင် Single များနေ့ဟာ အလီဘာဘာကုမ္မဏီအတွက် တရက်တည်းမှာတင် အမေရိကန် ဒေါ်လာ ၃၀ ဘီလျံတိတိ စီးပွားဖြစ်ခဲ့ပါတယ်။ တစ်ယောက်တည်းနေရတဲ့အခါ တခါတလေမှာ အထီးကျန် အားငယ်ရတယ် ဆိုပေမယ့်လည်း မှားယွင်းတဲ့ အချစ်ရေးဇာတ်ရှုပ်ထဲမှာ ကျင်လည်နေရတာထက်စာရင် စိတ်သွားတိုင်း ကိုယ်ပါတဲ့ Single ဘဝလေးက နေပျော်တာ အမှန်ပါ။ Single လေးတွေအနေနဲ့ ဒီနေ့မှာ မိမိတန်ဖိုးကို မိမိနားလည်သဘောပေါက်ပြီး ဘဝတူအချင်းချင်း ဖေးမရင်း ဒိတ်လုပ်ကြည့်ကြဖို့ အထိ Single ဒေးက အားပေးထားပါတယ်။ Single ဒေးမှာ တချို့ Single လေးတွေကတော့ ကိုယ်လိုချင်တဲ့ အဝတ်အစား၊ပစ္စည်းအသုံး အဆောင်၊အစားအသောက်တွေဝယ်ပြီး မိမိကိုယ်ကိုပြုစုကြပါတယ်လို့ ဟန်တီက Single များနေ့ ကို ဗဟုသုတအဖြစ်ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ ။

Source : Han Ti
Emily (Cele Gabar)

#credit