Celebrities

စုတ်စုတ်ပြတ်ပြတ်နေလို့ အမြဲတမ်းအဖေနဲ့ သဘောထား ကွဲလွဲတယ် လို့ပြောလာတဲ့ သက်ရတနာကျော်ဝင်း

အခုလက်ရှိမှာ ပရဟိတကိုပဲ အာရုံစိုက်လုပ်နေတဲ့ The Voice ပြိုင်ပွဲဝင် G ကတော့ ပြိုင်ပွဲဝင်ပြီးနောက်ပိုင်း ပရိသတ်စိတ်ဝင်စားမှုခံနေရတဲ့ မျိုးဆက်သစ်အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။အမြဲတမ်းအရှိကိုအရှိအတိုင်းပဲနေတတ်တဲ့ G ကတော့

သူ့ရဲ့စုတ်စုတ်ပြတ်ပြတ်နေတတ်ပုံကြောင့် အဖေနဲ့သဘောထားကွဲလွဲတဲ့အကြောင်းကိုတော့ “သဘောထားကအမြဲကွဲလွဲတယ် ညီမပုံစံက မိန်းကလေးဆန်ဆန်မနေဘဲ

ပရိသတ်စိတ်ဝင်စားနေကြတဲ့ သူရဲ့မိဘ၂ပါးနဲ့ ဆက်ဆံရေးကိုတော့“ညီမတို့ဆက်ဆံရေးကပူးပူးတွဲတွဲတော့မဟုတ်ဘူး အမေရော အဖေရော အဘွားရော အတူတူပဲ

ဒီမှာတောင် ညီမဦးလေးကိုအရမ်းချစ်တယ် ဒါပေမဲ့ အတူနေတာတောင် တစ်ရက်၁ခွန်း၂ခွန်းလောက်ပဲပြောဖြစ်တယ် ကိုယ့်ဘာသာပဲနေကြတာပေါ့”“မိသားစု၃ယောက်လုံးကလည်း လိုင်းမတူကြဘူး တစ်ယောက်ကနိုင်ငံရေး တစ်ယောက်ကစီးပွားရေး ညီမကျတော့

ပိုက်ဆံမရတဲ့အလုပ်တွေပဲလိုက်လုပ်နေတာပေါ့ ကိုယ့်ကိစ္စလုပ်စရာရှိတာပြောတယ် ဒီလောက်ပဲ ကိုယ်မပိုင်တဲ့နယ်ပယ်ထဲကိုလည်း လိုက်မဝင်ဘူး ဘယ်လောက်ထိလွတ်လပ်ခွင့်ပေးလဲဆိုတော့ ညီမကခွင့်မတောင်းဘူး ခွင့်တောင်းစရာလိုတော့တဲ့အရွယ်လည်းမဟုတ်တော့ဘူးလေ

The Voice ကိုလည်း အဖေကပြိုင်မလားဆိုတော့ ပြိုင်မယ်တဲ့ ပြိုင်မယ်ဆိုမှသာ အဒေါ်ကိုပြောဖြစ်တာ ကျန်တဲ့သူတွေလည်း အဲဒီ့လိုပါပဲ ညီမတစ်ခုခုပြောလို့ မှားတယ်ထင်ရင် မှားတယ်ပြောတယ် ညီမကအဲ့တာကိုပဲမှန်တယ်ထင်ပြီးဆက်လုပ်ရင်မှန်တယ်ပြောတယ် မိဘက ကလေးကိုဆက်လုပ်နေတာတော့မဟုတ်ဘူး ”လို့

အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ဖြေဆိုခဲ့တာပဲ ဖြစ်ပါတယ်နော် ပရိတ်သတ်ကြီးတို့ရေ။ မိခင်ဖြစ်သူ ဒေါ်သက်သက်ခိုင်အကြောင်းကိုတော့ G က “အမေကတော့ အဲဒီ့ကိစ္စသိပ်မပြောဘူး သတိထားခိုင်းတာပေါ့ သူ့ကြောင့်လည်းတိုက်ခိုက်ချင်သူတွေများမယ်ပေါ့

အပြင်ကလူတွေတိုက်ခိုက်ဝေဖန်တာကိုက ဂရုတောင်စိုက်မနေတော့ဘူး အိမ်မှာတင်အနှစ်၂၀လောက် တိုက်ခိုက်တာခံနေရတာဆိုတော့ ရိုးနေပြီ အားကျစရာတွေအများကြီးပါပဲ သူလူတွေကြားထဲကို အစကတည်းကတိုးနိုင်တယ် သူ့ကိုဘယ်လောက်ဆဲဆဲ သူခံနိုင်တယ်

အဲ့တာကတော့ ညီမနဲ့တူတယ်ထင်တယ် ဘယ်သူဘာပြောပြော ဂရုမစိုက်တတ်တာ ပြီးတော့ အရမ်းပညာတတ်တယ် ပညာရေးကိုလိုက်စားတယ် ညီမအဲဒီ့လောက် ပညာရေးကိုဆက်မတတ်ချင်တော့ဘူး အမေကတော့ ပညာရေးကဘဝကြီးဖြစ်နေတယ် အဲ့တာလေးစားစရာဖြစ်တယ်”

“အမေက ငယ်ငယ်ကတည်းအဆိုတော်ဖြစ်ချင်တယ် သူတို့မောင်နှမတွေငယ်ငယ်ကတည်းက band ထောင်ထားတာလားမသိဘူး အဆိုတော်ဖြစ်ချင်ပေမယ့်မဖြစ်ခဲ့ဘူး အဒေါ်ကဆရာဝန်ဖြစ်ချင်ပေမယ့် အဆိုတော်ဖြစ်သွားတယ် ပြောင်းပြန်ပေါ့ သူတစ်ခါတစ်လေဆိုရင် ညီမထက်ကောင်းတယ်ပြောကြတယ် ညီမတို့အရမ်းမတွေ့ဖြစ်ဘူး

အိမ်လည်းပြန်ဖြစ်တာမဟုတ်ဘူး မွေးနေ့မှာသာ ကိတ်ခွဲဖို့ ၁၂နာရီပြန်ဖြစ်တာ ခါတိုင်းဒီမှာပဲနေတာ သူ့ဘာသာ သီချင်းဆိုနေတာတွေ့တာ အမေကလည်းမအားဘူး သူငယ်ချင်းတွေတွေ့ရင်တော့ ကာရာအိုကေဆိုကြတယ်”လို့ သူမတို့မိသားစုကြားက ဆက်ဆံရေးကို အခုလိုပဲ ပြောပြခဲ့တာပါ။ ခရက်ဒစ်