Lifestyle

မဲရုံမှူးလုပ်ခဲ့သည့် တက္ကသိုလ်ပါမောက္ခဆရာမတဦးတွင် ကိုဗစ်ပိုးတွေ့၊ မဲရုံတရုံလုံး Q ဝင်ရ

နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲနေ့က အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု မဲရုံတွင် မဲရုံမှူးအဖြစ် တာဝန်ယူခဲ့သော ရတနာပုံတက္ကသိုလ် တွဲဖက်ပါမောက္ခ ဆရာမတစ်ဦး COVID-19 ရောဂါပိုး ကူးစက်ခံရကြောင်း သက်ဆိုင်ရာမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များက ပြောသည်။

မန္တလေးမြို့နေ အဆိုပါ ပါမောက္ခဆရာမသည် အနံ့မရသဖြင့် မန္တလေးဆေးရုံကြီးသို့ သွားရောက်ပြသ စစ်ဆေးရာမှ ကိုဗစ်ရောဂါပိုး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခြင်း ဖြစ်ကာ လက်ရှိတွင် ၎င်းနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သော မဲရုံကိုယ်စားလှယ်၊ ပါတီကိုယ်စားလှယ်များနှင့် ရတနာပုံတက္ကသိုလ်မှ ဆရာ၊ဆရာမအချို့အား ကွာရန်တင်း ထားရှိရန် စီစဉ်ဆောင်ရွက်နေသည်ဟု အမရပူရမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်က ပြောသည်။

“ဆရာမနဲ့ ထိစပ်မှုရှိခဲ့တဲ့သူတွေကို ကွာရန်တင်း ဝင်ဖို့ စာရင်းလုပ်နေပါတယ်။ လောလောဆယ်တော့ ပါတီကိုယ်စားလှယ်တွေရော မဲရုံကိုယ်စားလှယ်တွေရော (၁၇)ယောက်တော့ ရှိသွားပြီ။ ဆရာမက အနံ့မရလို့ ဒီနေ့မနက်မှ ဆေးရုံကြီးသွားပြတာ။ တက္ကသိုလ်ထဲမှာက ဆရာ၊ ဆရာမတွေ မဲရုံမှူးတွေ (ကွာရန်တင်း) ဝင်မှာ။ ကျန်တဲ့ ပါတီကိုယ်စားလှယ်တွေ၊ မဲရုံအကူတို့ကြတော့ မန္တလာတက္ကသိုလ်မှာ ဝင်မှာ”ဟု အထက်ပါ ကော်မတီဝင်က ဆိုသည်။

သို့သော် ပိုးကူးစက်ခံရသူ ဆရာမသည် မဲရုံမှူးဖြစ်သည့်အတွက် မဲလာပေးသူများနှင့် ထိတွေ့ဆက်စပ်မှု မရှိကြောင်း ၎င်းက ပြောသည်။

မန္တလေးတိုင်းအတွင်း ကိုဗစ်ရောဂါ ဆက်လက် ကူးစက်နေပြီး ယမန်နေ့ နိုဝင်ဘာ(၉)ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာ (၅၉၈) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေတွင်လည်း မန္တလေးတိုင်း (၁၁)မြို့နယ်မှ ပိုးတွေ့လူနာ (၅၀)ဦး ပါ၀င်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ နိုဝင်ဘာ(၉)ရက်က စစ်ဆေးတွေ့ရှိခဲ့သော ပိုးတွေ့လူနာများတွင် အမရပူရမြို့နယ်မှ ပိုးတွေ့လူနာ (၂၆)ဦးဖြင့် အများဆုံးဖြစ်ပြီး မန္တလေးခရိုင် ခုနှစ်မြို့နယ်မှ (၄၆)ဦးအထိ ပါ၀င်သည်ဟု ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ နိုဝင်ဘာ(၁၀)ရက်အထိ မန္တလေးခရိုင်အတွင်း ပိုးတွေ့လူနာ (၁၈၂၀)ကျော် အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် အတည်ပြုလူနာ (၂၅၆၀)ကျော် ရှိကာ ၎င်းတို့အနက် ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းသူ (၁၇၆၀)ကျော်နှင့် သေဆုံးသူ (၁၆)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ထုတ်ပြန်သည်။

တစ်နိုင်ငံလုံး အနေဖြင့် နိုဝင်ဘာ(၉)ရက် ညပိုင်းအထိ ကိုဗစ် အတည်ပြုလူနာ (၆၁,၉၇၅)ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံမှ ဆင်းသူ (၄၆,၆၆၁)ဦးနှင့် သေဆုံးသူ (၁,၄၇)ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

########################

မဲရုံမှူးလုပ်ခဲ့သည့် တက္ကသိုလ်ပါမောက္ခဆရာမတဦးတွင် ကိုဗစ်ပိုးတွေ့၊ မဲရုံတရုံလုံး Q ဝင်ရ

နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲနေ့က အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု မဲရုံတွင် မဲရုံမှူးအဖြစ် တာဝန်ယူခဲ့သော ရတနာပုံတက္ကသိုလ် တွဲဖက်ပါမောက္ခ ဆရာမတစ်ဦး COVID-19 ရောဂါပိုး ကူးစက်ခံရကြောင်း သက်ဆိုင်ရာမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များက ပြောသည်။

မန္တလေးမြို့နေ အဆိုပါ ပါမောက္ခဆရာမသည် အနံ့မရသဖြင့် မန္တလေးဆေးရုံကြီးသို့ သွားရောက်ပြသ စစ်ဆေးရာမှ ကိုဗစ်ရောဂါပိုး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခြင်း ဖြစ်ကာ လက်ရှိတွင် ၎င်းနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သော မဲရုံကိုယ်စားလှယ်၊ ပါတီကိုယ်စားလှယ်များနှင့် ရတနာပုံတက္ကသိုလ်မှ ဆရာ၊ဆရာမအချို့အား ကွာရန်တင်း ထားရှိရန် စီစဉ်ဆောင်ရွက်နေသည်ဟု အမရပူရမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်က ပြောသည်။

“ဆရာမနဲ့ ထိစပ်မှုရှိခဲ့တဲ့သူတွေကို ကွာရန်တင်း ဝင်ဖို့ စာရင်းလုပ်နေပါတယ်။ လောလောဆယ်တော့ ပါတီကိုယ်စားလှယ်တွေရော မဲရုံကိုယ်စားလှယ်တွေရော (၁၇)ယောက်တော့ ရှိသွားပြီ။ ဆရာမက အနံ့မရလို့ ဒီနေ့မနက်မှ ဆေးရုံကြီးသွားပြတာ။ တက္ကသိုလ်ထဲမှာက ဆရာ၊ ဆရာမတွေ မဲရုံမှူးတွေ (ကွာရန်တင်း) ဝင်မှာ။ ကျန်တဲ့ ပါတီကိုယ်စားလှယ်တွေ၊ မဲရုံအကူတို့ကြတော့ မန္တလာတက္ကသိုလ်မှာ ဝင်မှာ”ဟု အထက်ပါ ကော်မတီဝင်က ဆိုသည်။

သို့သော် ပိုးကူးစက်ခံရသူ ဆရာမသည် မဲရုံမှူးဖြစ်သည့်အတွက် မဲလာပေးသူများနှင့် ထိတွေ့ဆက်စပ်မှု မရှိကြောင်း ၎င်းက ပြောသည်။

မန္တလေးတိုင်းအတွင်း ကိုဗစ်ရောဂါ ဆက်လက် ကူးစက်နေပြီး ယမန်နေ့ နိုဝင်ဘာ(၉)ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာ (၅၉၈) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေတွင်လည်း မန္တလေးတိုင်း (၁၁)မြို့နယ်မှ ပိုးတွေ့လူနာ (၅၀)ဦး ပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ နိုဝင်ဘာ(၉)ရက်က စစ်ဆေးတွေ့ရှိခဲ့သော ပိုးတွေ့လူနာများတွင် အမရပူရမြို့နယ်မှ ပိုးတွေ့လူနာ (၂၆)ဦးဖြင့် အများဆုံးဖြစ်ပြီး မန္တလေးခရိုင် ခုနှစ်မြို့နယ်မှ (၄၆)ဦးအထိ ပါဝင်သည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ နိုဝင်ဘာ(၁၀)ရက်အထိ မန္တလေးခရိုင်အတွင်း ပိုးတွေ့လူနာ (၁၈၂၀)ကျော် အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် အတည်ပြုလူနာ (၂၅၆၀)ကျော် ရှိကာ ၎င်းတို့အနက် ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းသူ (၁၇၆၀)ကျော်နှင့် သေဆုံးသူ (၁၆)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ထုတ်ပြန်သည်။

တစ်နိုင်ငံလုံး အနေဖြင့် နိုဝင်ဘာ(၉)ရက် ညပိုင်းအထိ ကိုဗစ် အတည်ပြုလူနာ (၆၁,၉၇၅)ဦး ရှိပြီး ၎င်းတို့အနက် ဆေးရုံမှ ဆင်းသူ (၄၆,၆၆၁)ဦးနှင့် သေဆုံးသူ (၁,၄၇)ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။credit