Celebrities

ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ ဖခင်ရဲ့အကြောင်းတွေကို ပြောပြလာတဲ့ Oasix

ပရိသတ်ကြီးရေ အဆိုတော် Oasix ရဲ့ဖခင်ဟာ နိုဝင်ဘာလ (၈)ရက်နေ့က ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ပရိသတ်တွေလည်း မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ ဖခင်ဖြစ်သူက က လေဖြတ်တာ ၁၄ နှစ်ကျော်ရှိခဲ့ပြီဖြစ်ပြီး စကားမပြောနိုင် ကိုယ်လက် တခြမ်း မလှုပ်နိုင်ဘူးလို့လည်းသိရပါတယ် ။ Oasix က ၂၀၁၉ခုနှစ် သူ အိမ်မှာ ပြန်နေပြီးနောက်ပိုင်း သူတို့ မိသားစုလေးဟာအရင်ကထက် ပိုပျော်စရာကောင်းခဲ့တဲ့အကြောင်းကို ရေးသားဖော်ပြခဲ့ပါတယ် .

ဖေဖေက သူ့မြေးတွေဆို နေ့တိုင်း ခိုးပြီး မုန့်ဖို့းပေးနေကျ အိမ်မှာ လျှပ်စစ်ပစ္စည်း/ ရေပိုက် / စက်ပစ္စည်း တခုခုပျက်ပြီဆိုရင် ရအောင် ပြင်နေကျ အိမ်က လူတွေ ညဆို ပြန်မလာသေးရင် အမြဲစိတ်ပူတတ်တဲ့ ဖေဖေ ၉ တန်းလောက်ထဲက ဖေဖေ ကျန်းမာရေးကြောင့် အခုထိ ခရီးအဝေး တခါမှ အတူတူ မသွားဖူးခဲ့ဘူး သူ့သားတွေကို ချစ်ကြောင်း ထုတ်ဖော်မပြသပေမယ့် အနီးကပ်နေတော့ ချစ်တယ်ဆိုတာ ပိုသိခဲ့ရပါတယ် ကျွန်တော်တို့ မိသားစုလေးဟာ အရမ်း ပိုက်ဆံမရှိပေမယ့် စည်းစည်းလုံးလုံးနဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးပါလားလို့ တွေးတွေးပြီး တန်ဖိုးပိုထားလာခဲ့ရပါတယ် လို့ ဖခင်ဖြစ်သူရဲ့ မမေ့နိုင်စရာအမှတ်တရလေးတွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

ဒါပေမယ့် ၈.၁၁.၂၀၂၀ နေ့လည် ၁၂:၃၀ လောက်မှာ ဖခင်ဖြစ်သူဟာ ရုတ်တရက် မိသားစုလေးထဲကနေ အပြီးပိုင် ထွက်ခွါသွားခဲ့ပါတယ် ပရိသတ်ကြီးရေ ..။ ဒီရက်ပိုင်းဖခင်ဖြစ်သူက ကျန်းကျန်းမာမာ ရှိပြီး ဘယ်သူမှလည်း ဒီလိုဖြစ်လိမ့်မယ်လို့ မျှော်လင့် မထားကြတော့ မိသားစုက ပိုပြီး ဝမ်းနည်းရတယ်လို့ Oasix ကပြောပြလာခဲ့ပါတယ် ။ ရုတ်တရက်ကြီး မို့ လက်မခံချင်ပေမယ့် ကောင်းရာမွန်ရာရောက်ပါစေလို့ပဲ ဆုမွန်ကောင်းတောင်းပါတယ်လို့ ဝမ်းနည်းစွာရေးသားခဲ့တာဖြစ်ပါတယ် ။

Source : Oasix
Emily ( Cele Gabar)