Celebrities

သရုပ်ဆောင် ဇော်ဇော်အောင်ကို သွားရောက်ကန်တော့ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင်နှံ

ပရိသတ်အချစ်တော် ဇာတ်ပို့ သရုပ်ဆောင်တွေဖြစ်တဲ့ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင်နှံကတော့ ကိုဗစ်ကာလမှာ Live လွှင့်ဈေးရောင်းရင်း အတော်လေး အဆင်ပြေအောင်မြင်နေတာပါ ။ အခုလို သီတင်းကျွတ်ကာလမှာလည်း ချစ်ရတဲ့ ဆရာသမားနဲ့ အနုပညာ ညီအစ်ကို မောင်နှမတွေကို ဂါရဝတရားရှေ့ထားပြီး လိုက်လံ ကန်တော့ခဲ့တယ်လို့သိရပါတယ် ။

သရုပ်ဆောင် ဇော်ဇော်အောင်ကလည်း နှိုင်းယှဉ်မြင့်မိုရ် တို့ ဇနီးမောင်နှံ လာရောက်ကန်တော့ ကြကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ သီတင်းကျွတ်မှာ သက် နဲ့ သားနဲ့ ရုတ်တရက် လာကန်တော့ကြတော့ အံသြ ဝမ်းသာ ဖြစ်ရတယ်လို့ရေးသားဖော်ပြခဲ့တာပါ ။ ဇော်ဇော်အောင်ကတော့ အခုလို လာကန်တော့ကြမှ သူ့ကိုယ်သူ အသက်ကြီးပြီထင်တယ်ဆိုတဲ့အတွေးဝင်ပေမယ့်လည်း အိမ်မှာအငယ်ဆုံးပဲ ဆိုပြီး ခုထိဆော့နေတုန်းလို့ အရွှန်းဖောက်ရေးသားခဲ့ပါတယ် ။

ပရိသတ်တွေကတော့ လူပျိုကြီးဇော်ဇော်အောင်ကို မိန်းမ မရသေးရင် ကလေးပဲ လို့ စနောက်ပြီး မှတ်ချက်တွေပေးထားကြတာတွေ့ ။ ဆရာသမားနဲ့အနုပညာ ညီအစ်ကို မောင်နှမmတွေကို ဂါရဝထားပြီး ကန်တော့ပန်းဆင်ခဲ့ကြတဲ့ နှိုင်းယှဉ်တို့ ဇနီးမောင်နှံလည်း ဒီထက်မက အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးထားကြပါတယ် ။

Source : Zaw Zaw Aung
Emily (Cele Gabar)

#credit