Celebrities

အမိုက်စားဝတ်စုံတွေနောက်ကွယ်က ဒီဇိုင်နာကို မိတ်ဆက်ပေးခဲ့တဲ့ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းကတော့ မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအဆိုတော်တွေထဲကတစ်ယောက်ဖြစ်သလို နှစ်ပေါင်းများစွာပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရယူထားနိုင်ဆဲလည်း ဖြစ်ပါတယ်။ ဖြူဖြူကတော့ အဆိုပိုင်းမှာပါရမီအပြည့်ပါသလို ထူးခြားတဲ့ဖက်ရှင်အပြင်အဆင်တင်ဆက်မှုတွေကြောင့်လည်း နာမည်ကျော်သူတစ်ယောက်ပါ။

ဖြူဖြူ့ရဲ့ထူးခြားတဲ့ဖက်ရှင်စတိုင်တွေကိုတေ့ာ ပရိသတ်တွေကစိတ်ဝင်စားလေ့ရှိတာပါ။ ဒီနေ့မှာတော့ အမိုက်စားဝတ်စုံတွေနောက်ကွယ်က ဒီဇိုင်နာကိုပရိသတ်တွေနဲ့ မိတ်ဆက်ပေးလာခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့ကတော့ ချစ်တို့ကို ဟင်ခနဲ ဟာခနဲ ဖြစ်စေခဲ့တဲ့ ဖြူဖြူရဲ့ Myanmar Idol ဝတ်စုံဆန်းတွေကိုဖန်တီးပေးခဲ့တဲ့ ဒီဇိုင်နာကော်ရီးသျှတ္တရ Designer Sha Tra ရဲ့မွေးနေ့ပါရှင်… Happy Birthday, Sha Sha yay!!မွေးနေ့ရှင်ကကိုယ်တိုင်မွေးနေ့ကိတ်လေးလာပို့ပေးလို့လည်းကျေးကျေးပါနော်” ဆိုပြီးတော့ ရေးသားထားပါတယ်။

ဒီဇိုင်နာသျှတ္တရကတော့ မြန်မာနိုင်ငံနာမည်ကျော်ဒီဇိုင်နာတွေထဲကတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားဆန်းသစ်တဲ့ဖန်တီးမှုတွေနဲ့အတူ ဖြူဖြူကတော့ ပွဲတွေမှာအမိုက်စားဖြစ်ပြီး ပြောစမှတ်တွင်တဲ့ ဖက်ရှင်များစွာကို ဝတ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဖြူဖြူ့ရဲ့ဖက်ရှင်တွေကို ကြိုက်တဲ့သူတွေရှိကြလားနော်…
Source : Phyuphyukyawthein

#credit