Celebrities

9one Logo နဲ့ G-Family အမှတ်တံဆိပ်နဲ့ပါ ဂျက်ကက်ကိုဖန်တီးဝတ်ဆင်ခဲ့တဲ့ နိုင်းဝမ်း

စလုံးကချစ်သူ သီချင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ G-family အဖွဲ့ဝင် အဆိုတော် နိုင်းဝမ်းကိုတော့ ပရိသတ်တွေအားလုံး သိပြီးဖြစ်မှာပါ ။ မကြာသေးမီကမှ ချစ်သူနဲ့ စေ့စပ်ကြောင်းလမ်းခဲ့ပြီး ကိုဗစ်ပြီးရင် မင်္ဂလာပွဲ ပြုလုပ်တော့မှာဖြစ်ပါတယ် ။

လတ်တလောမှာတော့ သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အင်္ကျီလေးကို ပရိသတ်တွေရှေ့ကိုထုတ်ကြွားလာခဲ့ပါတယ် ။ အာဘလက်နဲ့ တောမထွက်ခင် ဒီနေ့ရိုက်ထားတဲ့ပုံလေးတွေနဲ့ ဈေးဗန်းခင်းလိုက်ပါတယ်နော် ဆိုတဲ့စာသားလေးနဲ့အတူသူ့ရဲ့အမိုက်စားပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ နိုင်းဝမ်း အတွက် 21 North MM က သူ့ရဲ့ ကိုယ်ပိုင် 9one Logo နဲ့ G-Family အမှတ်တံဆိပ်နဲ့ပါ အထူးစပါယ်ရှယ်ဖန်တီးထုတ်လုပ်ပေးထားတဲ့ ကွာလတီအကောင်းစားဂျက်ကက်အမဲလေးပဲဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ ဝိတ်လျော့ထားလို့ ပိန်သွားတဲ့ နိုင်ဝမ်းနဲ့ သူ့ရဲ့ဘော်ဒီကြောင့် ပိုနုပြီး ပိုမိုက်လာတယ် ဆိုတဲ့မှတ်ချက်တွေပေးခဲ့ကြပါတယ် ။ ကိုယ်ပိုင်တံဆိပ်နဲ့ အမိုက်စား ဂျက်ကက်လေးကို ဝတ်ဆင်ထားတဲ့ နိုင်ဝမ်းရဲ့ ပုံရိပ်တွေကိုလည်း ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nine One
Emily (Cele Gabar)
#CREDIT